Sunday, October 26, 2008

Bangkok _Dangerous

ဒီဇာတ်လမ်းမှာ Joe ဆိုတဲ့ နာမည်အဖြစ်နဲ့ Nicolas Cage က ပရိုဖက်ရှင်နယ် ကြေးစားလူသတ်သမား အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘ၀တစ်ခုလုံးမှာ လူသတ်ရမှာက လွဲလို့ တခြားဘာခံစားချက်မှ မရှိခဲ့ဘူးတဲ့ လူတစ်ယောက် ၊ လူတစ်ယောက်ကို သတ်ဖို့ အဆင့် ၁ ဘာလုပ်ရမယ် ၊ အဆင့် ၂ ဘာဆက်လုပ်ရမယ် ၊ အခြေအနေက ရန်သူက ကိုယ့်ရဲ့နေရာ ၊ ကိုယ့်ရဲ့ နောက်ကြောင်းကို သိသွားရင် ဘာတွေကို အရင်ဖျက်ဆီးရမယ် ၊ ဘာဆက်လုပ်သင့်တယ် ဆိုတာကို ဓတ်ခွဲခန်းထုတ်ဖော်တဲ့ ပုံသေနည်းလို့ အလွတ်မှတ်ထားတဲ့ လက်မရွံလူသတ် သမားအဖြစ် - ဂျိုး





ထိုင်းနိင်ငံ ဘန်ကောက်မြို့က မှောင်ခိုလုပ်ငန်းရှင်ကြီး တစ်ဦးက ပိုက်ဆံနှင့် ငှား၍ ထိုင်းနိင်ငံရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ခြင်း သတ်ခိုင်းရာမှ နောက်ဆုံး ထိုင်းနိင်ငံရဲ့ ၀န်ကြီးချုပ်ကို ပြန်သတ်ခိုင်းခဲ့ရာတွင် ပြည်သူတွေ၏ ၀န်ကြီးချုပ်အပေါ် ကြိုဆိုနေသည့် မျက်နှာအနေအထားကြောင့် မသတ်ဖြစ်ခဲ့ ၊

တခါမှ အချစ်နဲ့ မတွေ့ခဲ့ဘူးသည့် လူသတ်သမားကြီး ဂျိုးဟာ ဒဏ်ရာကြောင့်ဆေးခန်းသွားရင် ဆေးခန်းမှ အရောင်းဆေးဝန်ထမ်းမလေး ၊ စကားမပြောတက်သူ အဖြစ် သရုပ်ဆောင်ထားသည့် ထိုင်းမင်းသမီးလေး၏ ကြင်နာမှုများအောက်တွင် ပျော်ဝင်သွားခဲ့ပုံ

နောက်ဆုံး မကောင်းတာ လုပ်သူတို့၏ ထုံးစံအတိုင်း ဘ၀ဇာတ်သိမ်းမကောင်းခဲ့သော ဂျိုး စသည့် သရုပ်ဆောင်ချက်များဖြင့်

Bangkok Dangerous





1 comments:

စိုးအောင်ထွန်း said...

ဒီ၇ုပ်ရှင် ကားဒွေကြည့် လို့ရတဲ့ com ရှိ ရင် ပြောပြပါလား အနော် ဒိုကိုလည်း နည်းနည်း ပေးကြည့် ပါလား ရုပ်ရှင် ကိုပြောဒါနော် ဟီးဟီး