Saturday, September 20, 2008

ဟိုတလောက ကျွန်တော့်ပို့စ်လေးကို ဖတ်ပြီး မြန်မာသွေးသစ်မဂ္ဂဇင်းမှာ အေကေက မြန်မာရုပ်ရှင်နဲ့ ပတ်သတ်လို့ သူတို့တွေ ပရိတ်သတ်ကို ဘာတွေပေးနေသလဲဆိုတာနဲ့ ပတ်သတ်ပြီး ရေးခဲ့ဘူးပါတယ်။ သူပြောတာတွေက မှန်ပါတယ်။ မြန်မာရုပ်ရှင် အဆင့်အတန်းဟာ ကောင်းတယ် မကောင်းဘူးဆိုတာကတော့ ကျွန်တော် စိတ်ထဲမှာပဲ ထားပါမယ်။ ဖွင့်မပြောချင်ပါဘူး။ မပြောလဲ အားလုံးက သိနေတာပဲ မဟုတ်လား။ တဖက်ကလည်း သူတို့က အပီအပြင် ရိုက်ချင်ရင်တောင် အကန့်အသတ်တွေလည်း ရှိနေမှာဆိုတော့ နောက်ဆုံး ရထားဟာ ဒီဘူတာပဲ ဆိုက်တာပါပဲ။ ဟီးဟီး :D ။ ကျွန်တော်အတွက်ကတော့ တခဏတာ မြင်ကွင်းလေးဟာ ကျွန်တော့်စိတ်ကို လွမ်းမိုးသွားတာကြောင့် ဖြစ်တယ်ဆိုတာ ၀န်ခံပါတယ်။

အခုပြောချင်တာလေးတစ်ခုက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကပေါ့။ Compose ထဲမှာ မြန်မာစာ ပါမောက္ခတစ်ယောက်က နိင်ငံခြားလာခါနီး မြန်မာယဉ်ကျေးမှုးကို တက်နိင်သလောက် ထိန်းသိမ်းရန်နဲ့ နိင်ငံတကာ ယဉ်ကျေးမှု ၊ အကျင့်စာရိတ္တ စတဲ့ အကြောင်းတွေ လာပြီး ဟောပြောပေးပါတယ်။ သူက အဟောအပြောလည်း ကောင်းတော့ မှတ်သင့်တာလည်း မှတ် ၊ ရီတာကလည်း တ၀ါးဝါးနဲ့ပါ။ အဲဒီအချိန်တုန်းက ကျန်စစ်မင်း ရုပ်ရှင် တင်ထားတဲ့ ကာလကြီးပါ။ ကျွန်တော်က မြန်မာနိင်ငံမှာ ရုပ်ရှင်ကြည့်တာ ၀ါသနာမပါပါဘူး။ အိမ်မှာပဲ ခွေငှားကြည့်ဖြစ်တာပါ။ သူငယ်ချင်းတွေလည်း အဖော်ရှိ ၊ မြန်မာ့သမိုင်းကို ဖော်ကျူးထားတဲ့ ဇာတ်ကား ဆိုပြီး စိတ်ကလည်း အစွဲဖြစ်နေတာကြောင့် လူစုပြီး ချီတက်ပြီးသွားကြည့်ခဲ့ပါတယ်။

ဒါနဲ့ သူဘာပြောလည်းဆိုတော့

“ မင်းတို့ ကျန်စစ်မင်းရုပ်ရှင် ကြည့်ပြီးပြီလားတဲ့ ၊ ကျန်စစ်သားဆိုတာ မြန်မာ့သမိုင်းမှာ ငါအရမ်းလေးစားရတဲ့ သူရဲကောင်းကြီးတစ်ယောက်ပါတဲ့ ၊ သူရဲ့ သမိုင်းကြောင်းတွေ ၊ နိင်ငံကို တည်ထောင်ပုံတွေ ၊ စစ်ရေးပရိယာယ်တွေ ၊ တရားမျှတတဲ့စိတ်နေစိတ်ထားတွေကို ဖတ်ပြီး ငါလေးစားခဲ့ရတာပါတဲ့ ”

“ အခုတော့ကွာတဲ့ အဲဒီ ငါအင်မတန်လေးစားရတဲ့ သူရဲကောင်းကြီးဟာ “ လူမင်းလည်း သရုပ်ဆောင်လိုက်ရော ပြသချိန် ၄ နာရီအတွင်း နှာဘူးကြီး လုံးလုံးကို ဖြစ်သွားရတယ်တဲ့ ၊ ကလေးတွေကလည်း ကျန်စစ်သား ( လူမင်း ) ကို နှာဘူးကြီး နှာဘူးကြီးနဲ့ နောက်ခေါ်နေကြတယ်တဲ့ ”

သူက အဲဒီလိုလည်း ပြောပြီးရော စကားကို နုတ်ဆက် အဆုံးသတ်ပြီး စင်ပေါ်က ဆင်းသွားပါလေရော။ ကျွန်တော်တို့လည်း တွေးကြည့်မိလိုက်တယ်။ ကျန်စစ်သားဘ၀ကို ပီပြင်အောင် ရိုက်ပြီး ပြသဖို့ဆိုတာ အချိန် ၄ နာရီလောက် မကပါဘူး။ ဒီတော့ ရှည်နေရင်လည်း အကြောင်းကြောင်းတွေကြောင့် အဓိက သရုပ်တွေဖော်ပြတဲ့အခါမှာ မိန်းမ ၄ ယောက်ယူသွားတာနဲ့ပဲ ရုပ်ရှင်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် ကျန်စစ်သားက “ စစ်သားကြီးကနေ နှာဘူးကြီး ” ဖြစ်သွား၇တာပါ။

မှတ်ချက် ။ ။ ညီငယ် မင်းကျန်စစ်နှင့် မည်သို့မျှ မတိုက်ဆိုင်ပါ။ ဟားဟားဟား။ နာမည်တူတော့ အဲလိုပဲ။ :)

11 comments:

မင်းကျန်စစ်။ said...

မတိုက်ဆိုင်ပေမယ့် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ အကိုရေး)
ဆိုးလိုက်တဲ့ဘဝကလည်း အဲဒီ ပေါချာချာဇတ်လမ်းကြီးထဲက နှာဘူးကြီးနဲ့ နာမည်က တူနေရသေးတယ်လို့ :P
ဒီအကိုကလည်း အလွတ်မပေး တော်ပီ ခေါ်တော့ဘူး :D

နှင်းပွင့်ဖြူ said...

အဟတ်... အပိုင်း ၄၀ လောက် ရိုက်ရမှာ.. ၁၀ ပိုင်းမှာ မိန်းမ တစ်ယောက် ဆီယူပေါ့.
မဟုတ်ဘူးလား ......

အညာသား said...

ကျနော့် ညီတော်နဲ့ လုံးဝ မသက်ဆိုင်ဘူးလို့တော့ ပြောလို့ရဘူးထင်တယ်နော်။ ဘာလို့တုန်း သိလား.. သိနေတယ်နော်.. .. ဟင်းဟင်း.. သိနေတယ်။ :D

Apprenticeship said...

အယ်.. ခုမှ မင်းကျန်စစ် ဆိုတာ နာဘူးကြီးမှန်း သိသွားပီး :D

Unknown said...

ဟေးးး ဟေးးးး မှတ်ကရော လူမင်းဆိုတဲ့ငနဲ.....

Unknown said...

ဟုတ်တယ်နော်.. လူမင်းရိုက်မှပဲကျန်စစ်မင်းက
အခြေနေတော်တော်ဆိုးသွားတယ်..တကယ်တော့
ကျန်စစ်မင်းကတိုင်းပြည်အတွက်ဘ၀ကိုပေးဆပ်
နေတဲ့ သူရဲကောင်းတစ်ယောက်ပါ.. သူရဲကောင်း
တစ်ယောက်ရဲ့ဘ၀ကိုပီပြင်အောင်ရိုက်သင့်တယ်..
အခုတော့မိန်းမ၄ယောက်နဲ့ဇတ်လမ်းပြီးသွားတယ်..

ရွှန်းမီ said...

:-)
မရည်ရွယ်ပဲ ရောက်လာပြီး ရယ်ဖြစ်သွားပါတယ်..

Kaung Kin Ko said...

လာဖတ်သွားတယ် ညီလေးရေ။ အဲဒီ့ ရုပ်ရှင် မကြည့်ဖူးဘူး။

Anonymous said...

:P :P :P :P :P
အဲ့ဒီရုပ်ရှင် ကြည့်ဖူးသလို မကြည့်ဖူးသလို... ဒါပေမယ့် ကိုဆိုးသွမ်းပြောမှ နှာဘူးမှန်းသိသွားတာ.. :D

Unknown said...

မကောင်းဘူး

လင်းနေသွေး said...

အကုန်လုံးမဟုတ်ပေမဲ့ တော်တော်များများကြည့်လိုက်ရပါတယ် အပေးအယူ နားလည်မှုလွဲမှားမှုတစ်ခုပါပဲ ကလေးတွေကိုလည်းရှင်းပြသင့်ပါတယ် ကျန်စစ်သားရဲ့အကြောင်းကို စာတွေထဲမှာ လေးစားမြတ်နိုးစရာကောင်းတာ တွေ့နိုင်ပါတယ် မြန်မာ့ရုပ်ရှင်လောကရဲ့လိုအပ်ချက်တွေကို နားလည်ပေးသင့်ပါတယ် တကယ်တော့ မြန်မာ့သမိုင်းမှာ ကျန်စစ်သားမင်းကြီးက လေးစားစရာဘုရင်တစ်ပါးပါ ကျွန်တော်တို့က မှားနေတာတွေ အမှန်ပြင်ပေးသင့်သလို လိုအပ်ချက်ကို အပြစ်လို့မစွပ်စွဲသင့်ဘူးလို့ ထင်ပါတယ်