Monday, August 25, 2008

ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင် ၊ ဥပဒေနဲ့ လောင်းကစားတဲ့ ဗိုလ်အောင်ဒင် ဇာတ်လမ်း

ဆရာရွှေဒုန်းဘီအောင်ရဲ့ နှစ်ငါးဆယ်ခန့်က မော်ကွန်းဝင် ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့တဲ့ ခေတ်ဟောင်း မင်းသားချော ခင်မောင်ရင် သရုပ်ဆောင်ထားပြီး ဂီတစာဆို မောင်ကြေးမုံ ပြန်လည်ဆန်းသစ်ထားတဲ့ အကယ်ဒမီ စိုးရွှေ ၊ အကယ်ဒမီ တင်တင်နွဲ့ တို့ သရုပ်ဆောင်ထားတဲ့ ဗိုလ်အောင်ဒင် တိတ်ဇာတ်လမ်းလေးကို မြန်မာဘလော့ဂ်များ နားထောင်ဖူးကြပါလိမ့်မည်။ နားမထောင်ရသေးဘူး ဆိုရင်လည်း နားထောင်လိုက်နိင်အောင် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးက ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ ရတာပါ။ ဘယ်တော့မှ မရိုးနိင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဒီဇာတ်လမ်းလေးမှာ သူရုပ်ဆောင် ထားကြသူတွေကတော့.....

“ ဖားတုလို့ ခရုခုန် အိုက်ပျက်ရုံပဲ ရှိမယ် ၊ ခက်တဲ့ကောင်တွေပဲကွာ ၊ လောကကြီးမှာ အလုပ်လုပ်စားရတာ တယ်ကြပ်ပါလား ”

“ လွယ်သလား ခက်သလား ရာမ ၊ ရာမ...လွယ်သလား ခက်သလား ပြောစမ်း င့ါကို ၊ ဟေ့...ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ ဒီလို ပစ်နိင်မှ့ ဗိုလ်လုပ်လို့ရတာကွ ”

ဆိုတဲ့ ဗိုလ်အောင်ဒင်အဖြစ် ကော်လိပ်ဂျင်နေ၀င်း

“ ၀မ်းနည်းပါတယ် ဦးအောင်ဒင် ၊ I`m verry sorry ဂတ်တဲရောက်မှ ကြည့်ရှင်းကြတာပေါ့ဗျာ ၊ duty is duty ပေါ့ ”

ဆိုတဲ့ ကိုကိုချစ်အဖြစ် စိုးရွှေ

“ သူပြောတဲ့ အတိုင်း မဖြစ်နိင်ဘူးလား ဟင်....ကိုကိုချစ် ၊ ပြန်ပေးလိုက်ပါနော် ”

ဆိုတဲ့ မမြ၀င်းအဖြစ် တင်တင်နွဲ့

“ လုပ်စမ်းပါ ဆရာရဲ့ ၊ ချစမ်းပါ ”

ဆိုတဲ့ ဗိုလ်အောင်ဒင် တပည့် သုခ

တိုရဲ့ အသံနဲ့ သရုပ်ဆောင်ပုံများကို နားထောင်ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်...

ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။




6 comments:

Anonymous said...

I`m verry sorry ဂတ်တဲရောက်မှ ကြည့်ရှင်းကြတာပေါ့ဗျာ ၊ duty is duty ပေါ့ ”

အဲ့အသုံးစကားလေးအကြိုက်ဆုံးပဲ ။

ရွှန်းမီ said...

စကားလုံးတွေက စားတယ်။။။

လွယ်သလား ခက်သလား ရာမ ၊
...ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ
ဒီလို အာနိုင်မှ .. အဲလေ.. ..

ကာရံနဲ့ကဗျာတွေ အရေးများသွားလို့ အယောင်ယောင်အမှားမှား ဖြစ်သွားတာ ခွင့်လွှတ်.. =)

ဖိုင်တွေ တင်ပေးတာ ကျေးဇူးတင်တယ်လို့ လာပြောတာပါ။

Unknown said...

ဗိုလ်အောင်ဒင် ဇာတ်လမ်း ကိုကြိုက်လို့ ဒေါင်းလုပ်ပါသော်လည်း ဖွင့်မရပါသဖြင့် စိတ်ညစ်အကြံအိုက်နေပါသည်။

mymyint a ung said...

အပိုင်းဘယ်လောက်ရှိလည်း သိခြင်လို့ပါ အဆုံးကိုနားမထောင်သေးပါဘူး သိရင်ပြောကြပါ

mymyint a ung said...

အပိုင်းဘယ်လောက်ရှိလည်း သိခြင်လို့ပါ အဆုံးကိုနားမထောင်သေးပါဘူး သိရင်ပြောကြပါ

mymyint a ung said...

အသံmp3 တွေထဲမှာတော့ ဗိုလ်အောင်ဒင်လောက်ကြိုက်တဲ့ဇာတ်လမ်းမတွေ့သေးဘူး အခုလည်းဒေါင်းနေပါတယ်