Friday, February 15, 2008

ကဗျာလှေငယ်



ငါ့ကဗျာတွေကြား
ငါ့သီချင်းတွေအလယ်
ငါ့ရင်ခုန်သံ အားလုံးမှာ....အချိန်ကြာကြာနစ်မြောလာခဲ့တော့
အသက်ရှုဖို့များ...မွန်းကြပ်နေခဲ့သလား ချစ်သူ....

တကယ်ဆို...ငါက
တိုက်သင်္ဘောပေါင်းများစွာကြား
ရုန်းကန်လှုပ်ရှားနေတဲ့ တက်မရှိ ရွက်မရှိတဲ့
ဆေးရောင် ခပ်မှိန်မှိန်....ငှက်တစ်စင်းလေ ။

ရည်ညွှန်းချက်အပြည့်အ၀မပါတဲ့ ကဗျာမြေပုံတစ်ချပ်နဲ့
မင်းအနာဂတ်ကို ကြာကြာလမ်းပြ နိင်မှာ မဟုတ်မှန်း
ငါ နားလည်ပါတယ်......

ပတ်ဝန်းကျင် လှိုင်းတွေ လာပုတ်တဲ့ အခါ
သံသယ ကျောက်ဆောင်တွေ တိုက်မိတဲ့ အချိန်နဲ့
နားလည်မှု လေဆင်နှာမောင်းတွေ မွှေနောက်သွားတဲ့ ကာလမျိုးမှာ
နဂိုကတည်းက မချရဲ ချရဲနဲ့
စုံမှိတ်လို့ ရေချခဲ့ရတဲ့ အညတရ ငါ့လှေကျိုးလေး
မျောရပါချည်ရဲ့ကွယ် ။ ။



1 comments:

ပန်းခရေ said...

ရည်ညွှန်းချက်အပြည့်အ၀မပါတဲ့ ကဗျာမြေပုံတစ်ချပ်နဲ့
မင်းအနာဂတ်ကို ကြာကြာလမ်းပြ နိင်မှာ မဟုတ်မှန်း
ငါ နားလည်ပါတယ်......

အရမ်းကောင်းတာပဲ
နင့်ကဗျာတွေ လိုအသက်ဝင်တဲ့ ကဗျာလေး
တစ်ပုဒ်လောက်တော့ ရေးတတ်ချင်သား
ကဗျာလှေငယ်လေး စီးသွားတယ်