Thursday, February 28, 2008

အမေ့သားက.....လက်ယဉ်တယ်


လက်ဝှေ့ ကြိုးဝိုင်းစင်ပေါ်က အရှုံးနဲ့
ဆင်းလာရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလိုမျိုး သင်ခန်းစာတွေနဲ့
ကောင်းကင်တစ်ခုလုံးလဲ အညိုအမဲ စွဲလို့ပေါ့....အမေ

တစ်ချို့က စေတနာကို ဝေဒနာဖြစ်အောင်လုပ်တယ်
တစ်ချို့က စေတနာကို ရီစရာဟာသ တစ်ပုဒ်လို ဟားတိုက်တယ်
တစ်ချို့က သနားသလိုလို မျက်နှာပေးမျိုးနဲ့ လူကိုပြန်အရွဲ့တိုက်တယ်
တစ်ချို့က ကောင်းနေတဲ့ နားကို ကန်းချင်ယောင်ဆောင်ကြတယ်
တစ်ချို့က မြင်နေတဲ့ မျက်စိကို ကွယ်နေတယ်လို့ သဘောထားကြတယ်

ဒါပေမယ့်
အဲဒီလို တစ်ချို့...တစ်ချို့တွေကြားမှာတော့
စေတနာနည်းလည်တဲ့သူတွေ နည်းပါးစွာရပ်တည်နေကြတယ် အမေ
အဲဒါကတော့ ကျွန်တော့်အတွက် အားပေါ့

အဖေ ကျွန်တော့်ကို ပြောဘူးတယ် “ အမေ ”
“ ခွေးမြှီးကောက် ကျည်တောက်စွပ် ”
“ ကျွဲပါး စောင်းတီးတဲ့ ”
အခုတော့ ကျည်တောက်တွေလဲကုန်
စောင်းကြိုးလဲ ပျက်ခဲ့ပြီ......အမေ

အမေ့သား မိုက်တာပါ....
ဖြောင့်မလာတဲ့ လူတွေရဲ့ စိတ်ဓတ်ကို
ကျွန်တော် ကျည်တောက်နဲ့ အကြိမ်ကြိမ်စွပ်ခဲ့
လက်တွေပွန်းပဲ့အောင် စောင်းသံကို နာနာတီးခက်ပေမယ့်
“ ပိုးသာကုန် မောင်ပုံ စောင်းမတက် ” ဆိုသလို
ဒုံးရင်းက ဒုံရင်းပဲ အမေ
အဖေ့စကားကို နားမထောင်ခဲ့တဲ့ သားမိုက်တာပါ

ပညာတွေတက်ရဲ့ သားနဲ့
မျက်စိတစ်ဖက်ကွယ်နေကြတဲ့ သူတွေအတွက်
မျက်စိ နှစ်လုံးလုံး ဖြစ်နိင်ရင် ကျွန်တော်ဖောက်ထုတ်ပေးချင်တယ်
တစ်သက်လုံး တစ်ဖက်တည်း မြင်နေတော့မဲ့ အတွေးတွေကို
ကျွန်တော် ထာဝရ သိမ်းဆည်းပေးချင်လို့လေ

ကိုယ်ထင်ရာ ကိုယ်မှန်တယ်လို့ ယူဆနေတဲ့ ခေတ်ကြီးမှာ
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
အမေ့သား မနှစ်သိမ့်တော့ဘူး
အမေ့သား မရိုကျိုးတော့ဘူး
ဥပေက္ခာဆိုတဲ့ သဘောတရားကို
အမေ့သား နားလည်တက်ကျွမ်းသွားပြီ အမေ
ဘယ်သူတွေကံဆိုးမလဲ ဘယ်သူတွေ ကံကောင်းကြမလဲတော့ မသိဘူး
အခုတော့ အမေ့သား စာတက်သွားပြီလေ
“ ဟစ်တလာ ” တောင် ပန်းချီဆရာမဖြစ်ဘဲ
ပက်ဝန်းကျင်ကောင်းမှုကြောင့် အရက်စက်ဆုံး ဖြစ်လာသေးတာပဲ

ဒါပေမယ့်လည်း...စိတ်မပူပါနဲ့ အမေ
အမေ့သားမှာ ရက်စက်တက်တဲ့ စိတ်အခံပါမလာဘူး
သွေးမြေကြ မြင်ကွင်းတွေ ကျွန်တော်လည်း မကြည့်ရက်ဘူး
စားစရာ မရှိ.....ငတ်ပြတ်နေတဲ့ ဒုက္ခတွေ ကျွန်တော် မမြင်ရက်ဘူး

ဒါပေမယ့်....
ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကိုမှ မငဲ့ကွက်တဲ့လူ
တဖက်သက် အမြင်နဲ့ လူတိုင်းကို စော်ကားနေတဲ့လူ
ကိုယ့်ဘက်ကိုယ်ယက်တဲ့ လူ
ကိုယ်အနေအစားချောင်ရင် ပြီးရော...ပါးစပ်က သပုတ်လေလွင့် ပြောတက်တဲ့လူ
အဲဒီလို လူတွေ...လူတွေ အတွက်

အမေ့သားက.......လက်ယဉ်တယ် အမေ ။ ။



7 comments:

Unknown said...

အစ်ကို ကဗျာကောင်းတယ်ဗျာ ကျွန်တော်များပြောသလားအောင်းမေ့ရတယ်...

Unknown said...

အစ်ကို ကဗျာကောင်းတယ်ဗျာ ကျွန်တော်များပြောသလားအောင်းမေ့ရတယ်...

Unknown said...

အစ်ကို ကဗျာကောင်းတယ်ဗျာ ကျွန်တော်များပြောသလားအောင်းမေ့ရတယ်...

Kaung Kin Ko said...

ညီလေးရဲ့ ရင်တွင်းဖြစ် ကဗျာလေးက ကောင်းတယ်ကွာ။ အရေးအသားကော၊ ခံစားချက်ကော၊ အတွေးကော။ တစ်ခုခုကို မီးမောင်းထိုးပြနေတယ်း-)

Kaung Kin Ko said...

လက်ယဉ်တယ်ဆိုလို့ ထွက်ပြေးပြီ ညီလေးရေ။း-)

စိုးထက် - Soe Htet ! said...

ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကိုမှ မငဲ့ကွက်တဲ့လူ
တဖက်သက် အမြင်နဲ့ လူတိုင်းကို စော်ကားနေတဲ့လူ
ကိုယ့်ဘက်ကိုယ်ယက်တဲ့ လူ
ကိုယ်အနေအစားချောင်ရင် ပြီးရော...ပါးစပ်က သပုတ်လေလွင့် ပြောတက်တဲ့လူ
အဲဒီလို လူတွေ...လူတွေ
အဲဒီလိုလူတွေ .....
ကောင်းတယ် ဗျာ စုပြီး ရှင်းလိုက်တာ :)

တင့်ထူးရွှေ said...

ကဗျာလေး ကြိုက်တယ် အကို ..
အဆင်ပြေပါစေ အကို