Tuesday, January 29, 2008

အတုအယောင်

ဘ၀က......
စနစ်တကျ တွက်ထုတ်ထားတဲ့
ပုံသေနည်း တွေ
သေရည်စက်ရုံက....ပုံစံအမျိုးမျိုးနဲ့ ဖြစ်လာတဲ့
ဘီယာ အရက်ပုလင်း ခွံတွေလောက်
စမက်ကျကျ မရပ်တည်နိင်သလို...အရောင်အသွေးလည်း
စိုပြေနေဖို့ ခဲယဉ်းခဲ့တယ်

ငါကလည်း ငါပဲ
လက်နစ်ဖက် ဖြန့်ထုတ်ဖို့ထက်
စိတ်ကူးနဲ့ ဖဲရိုက်နေတက်တဲ့ကောင်ဆိုတော့
ငါကို ငါလည်း မုန်းတယ်

ကိုယ်ချကျွေးတိုင်း....စားသွားကြတာပဲရှိတယ်
ဘယ်တော့မှ အရောင်းပြောင်းဖို့
သူတို့မကြိုးစားကြဘူး

ထူးခြားမလာတဲ့ မျက်နှာဖုံးစွပ်တွေကို
အရောင်ပြောင်းချယ်လှယ်ဖို့ ကြိုးစားနေမဲ့အစား
လောကကြီးရေ.....လို့အော်ခေါ်ရင်း
ငါ့ကိုယ်ငါ မိုက်ပစ်ပေးပြီး
အဆုံးစီရင် လိုက်တော့မယ် ။ ။



1 comments:

နှင်းပွင့်ဖြူ said...

ဘ၀ ဆိုတာ ဘ၀ ပဲလေ
ဘာလို့ ဘ၀နဲ့ မိုက်ကျေးထပ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင်ရတာလည်း.. ( ဆရာမကြီးလေသံနဲ့ )
မဟုတ်မှ လွဲရော...
ဟေ့ ဟေ့.. လျှောက်မလုပ်နဲ့နော်.. ဟီးဟီး... ယုံရတာ မဟုတ်ဘူး..