Friday, November 30, 2007

ဒီဇင်ဘာ...ည

December Night

အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း ။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။

Thursday, November 29, 2007

cRoSS My hEArt

cross my heart

ငါကျိန်ဆိုရဲပါတယ်
ငါဟာ အပြစ်နဲ့ မကင်းလွတ်တဲ့ အကြောင်း.......

cross my heart

ငါသစ္စာတိုင်ရဲပါတယ်
ငါဟာ မရိုးသားတဲ့ အကြောင်း......

cross my heart

ငါရဲရဲ ၀ံ့ဝံ့ ၀န်ခံရဲပါတယ်
ငါဟာကျိန်စာ သင့်ခဲ့တဲ့ အကြောင်း......။

ဒါပေမယ့်....

cross my heart

ကတိပေးရဲပါတယ်
ငါဟာ မပြောင်းလဲတော့တဲ့ အကြောင်း.......

ဒါကြောင့်
ငါ့နှလုံးသားက cross တွေကို ထောက်ထားရင်း
ယုံကြည်ပေးပါ
ငါ.....မင်း တစ်ယောက်ကိုပဲ ချစ်တဲ့ အကြောင်း......

Wednesday, November 28, 2007

နင် ယုံကြည်အောင်
ငါ သက်သေ မပြတက်ဘူး ။
ကဗျာ မရွတ်ချင်ဘူး ၊ သီချင်းမဆိုချင်ဘူး
ဂစ်တာ ကို အုတ်ခုံနဲ့ ရိုက်ခွဲ
အဲဒါ ငါ့အသည်းပဲ။
သင်္ချာပုဒ်စာတွေကလွဲလို့
ဖြေရှင်းရတာကို ငါစိတ်မပါဘူး ကောင်မလေးရေ။

နောက်ကျမှ တွေ့တဲ့ တွေ့ဆုံခြင်းအတွက်
ကံကြမ္မာကိုပဲ အပြစ်တင်သင့်သလို
အတိတ်ဆိုတာကို တွေးနေမဲ့အစား
အနာဂတ်တွေ လှပဖို့ပဲ
ငါတို့တွေးနေသင့်တယ်လေ။

အနာဂတ်ကို မြင်နိင်နေရဲ့သားနဲ့
အတိတ်ကို ပြန်ပြန် လှည့်ကြည့်နေတာ
စိုးရိမ်ကြောင့်ကြမှုတွေ ပိုလာရုံကလွဲလို့
ဘာများ ထူးလာမှာတုန်း....။

ဒီမှာ မင်းအတွက်.....
အသန့်ရှင်းဆုံး နှလုံးသားတစ်စုံ
အမြင့်မြတ်ဆုံး ပူဇော်ဖို့ စောင့်ဆိုင်းနေလေရဲ့.....။


Tuesday, November 27, 2007

အင်္ဂလိပ် သီချင်းတွေ ကျွန်တော် မြန်မာမှာ နေခဲ့တုန်းက နားထောင်ခဲပါတယ်။ အသက်ကလည်းငယ်သေးတော့ သူများအော်တာ လိုက်အော်။ သူများ ရက်ပ်ဆိုတော့လည်း
ကျွန်တော်လည်း ရက်ပ် ပေါ့။ အင်္ဂလိပ်သီချင်း နားထောင် တာလည်း အလေ့အကျင့်
မရှိခဲ့ပါဘူး။ ၁၀ တန်းအောင်ပြီး အင်္ဂလိပ်စကားပြော သင်တန်း တက်တော့ တဖြည်းဖြည်းနဲ့ စပြီး နားထောင်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော် အဆိုတော်တွေ နာမည်တွေတော့ မသိပါဘူး။ နားထောင်လို့ကောင်းရင် နားထောင်လိုက်တာပဲ။ အသံကိုတော့ မှတ်ထားတယ်။
ဘယ်သူ့ဆိုတာ ပိုကြိုက်တယ်လို့တော့ မရှိပါဘူး။ အခုတော့ ပေါ်လာပါပြီ။

Enrique Lglesias လို့ခေါ်တဲ့ စပိန်အဆိုတော် ဆိုထားတဲ့ သီချင်းတွေ တော့ ကျွန်တော် တော်တော်နှစ်ကြိုက်မိပါတယ်။ သူကကျွန်တော့် အနှစ်သက်ဆုံး အဆိုတော်ပေါ့။ ဒီအဆိုတော်ရဲ့
သီချင်းဆိုတဲ့ သံက ငိုသံလိုလို နဲ့ ရှတတအသံလေးပါ။ အရမ်းနားထောင် ကောင်းတယ်။
အခုဒီ အဆိုတော်လည်း အဲဒီလိုပဲ။ ကိုယ့်ဆရာက ငိုနေသလားတောင် မှတ်ရတယ်။
နားထောင်ဖူးတဲ့ သူတွေလည်း ရှိကြမှာပါ။ အောက်မှာ ကျွန်တော် သီချင်းနာမူနာလေး တော့ တင်ပေးထားတယ်။ ကြိုက်တယ်ဆိုရင်တော့ စီပုံးမှာသာ အော်ခဲ့ပါ။ ဒီအဆိုတော်ဆိုထားတဲ့
သီင်္ချင်းခွေ တွေထဲက အကောင်းဆုံး သီချင်းတွေ ကျွန်တော် ရှာပြီး လူကြီ်မင်းတို့ဆီကို
အရောက် upload လုပ်ပြီး ပေးပို့ချင်ပါတယ်။ ကျွန်တော်ဆီ အလည်လာတဲ့ ညီအစ်ကို
မောင်နှမ များအတွက် လက်ဆောင်ပေးချင်လို့ပါ။ အောက်မှာ ကျွန်တော့်မေးလ် လိပ်စာ
လေးကို ပေးပို့ဆက်သွယ်နိင်ပါသည်။ ကျွန်တော့်ဆီလည်း ကြိုက်နှစ်သက်သော အဆိုတော်
များ၏ သီချင်းများ ရှိလျှင်လည်း ပြောကြားစေချင်ပါတယ်။ ကြိုဆိုပါတယ် ခင်ဗျာ။

YoureMy1

ကျွန်တော့်အကြိုက် Enrique Lglesias သီချင်းများ

Hero
Maybe
Say It
Could I have This Kiss Forever
Somebody`s Me
Do You Know ( The Ping Pong Song)
I`m Your Man
Ring My Bells
Roamer
Alabao
Bailamos
Don`t You Forget About Me
Be With You
Tired Of Being Sorry
Free
Escape

လူပီသချင်...သူ

ယုံကြည်ရာကို
ရဲရဲဝင့်ဝင့် လုပ်ကိုင်နိင်မှ လူပီသမယ် ဆိုရင်
ငါ....လူ မပီသသေးဘူး။

မှန်နေမှန်း သိရက်နဲ့
ထုတ်ဖော်ပြောရဲမှ လူပီသမယ် ဆိုရင်
ငါ....လူ မပီသသေးဘူး။

အများအတွက်
အကျိုးစွန့် အနစ်နာခံနိင်မှ လူပီသမယ် ဆိုရင်
ငါ...လူ မပီသသေးဘူး။

ဒါပေမယ့်.....
လူပီသ အောင်တော့ ငါ..ကြိုးစားနေတယ်
တစ်နေ့တော့ ယုံကြည်ရာကို လက်ကိုင်ထားလို့
အမှန်တရားကို ပြောရဲတဲ့သူ
ငါ...ဖြစ်လာဦးမယ်။

Monday, November 26, 2007

ပန်းတစ်ပွင့်

ကျွန်တော့်ရဲ့
မခင်သစ်ပင်...။

အချစ်ဆိုတာ ပွဲလမ်းသဘင်ဖြစ်ရင်
ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင်လျှိမြောင်ပိတ်ကားရှေ့
ကျွန်တော်အော်ခေါ်နေတာ
အနှစ်သုံးဆယ် ။

မခင်သစ်ပင်.....
ဇာတ်လမ်းအရ ငိုချင်လည်း ငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျွန်တော် တယောမထိုးတက်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိင်ဘူး
ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
ကျွန်တော်ဟာ ချစ်တက်လို့ ။

မခင်သစ်ပင်
ကျွန်တော်တို့နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်တစ်ယောက် ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို
အမှီအခို ကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်။

ကျွန်တော့်ရဲ့ မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျွန်တော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှူမလား......
ကျွန်တော်နဲ့ ခင်ဗျားကြားမှာ
ပန်းတစ်ပွင့် ခြားနေတယ်........................။

ဝင်းမြင့်

Sunday, November 25, 2007

ကာရံမဲ့


ဘယ်သူမြင်...ဘယ်သူသိမှာလည်း
အကြိမ်ပေါင်းများစွာ
သတိရစိတ်ကို “အလွမ်း” ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ထိုးမသွင်းချင်ပါဘူး....။

ဖြူစဉ်တဲ့ ချစ်ခြင်းတရားကို
အရောင်ဆိုးဖို့
အကြောင်းပြချက် ဖြစ်နေမှာ ဆိုးလို့...။

Saturday, November 24, 2007

လောကဓံ

ဘ၀ကိုက...အနှိမ်ခံရလွန်းတယ်
ခေါင်းငုံထားတော့လည်း....အရှုံးပေးတာလားတဲ့
ဒါဆို ခပ်တည်တည် ခေါင်းမော့ပြန်တော့
မကျေနပ်ဘူးလားတဲ့....
ဘယ်နေရာရာ သွားသွား
ကိုယ့်ကျောတောင် ကိုမလုံအောင်
သတိထားနေရတယ်။
ဘယ်ဘ၀က ဘယ်လိုဝဋ္ဋ်ကြွေးတွေများ
ငါ့အပေါ် ကျရောက်စေရတာလည်း
ရှိပါစေတော့....ကံကိုက ဆိုးလွန်းတာ
နောက်တစ်ကြိမ်...နောက်တခါ
ငါ့ အလှည့်ရောက်လာရင်တော့
“နင်....လားဟဲ့ လောကဓံ ”

ဇာတ်သိမ်းခန်း

ဘ၀တစ်ခုလုံး ရည်ရွယ်လို့
ဒီဇာတ်ကို ကခဲ့မိပါတယ်
ဇာတ်ဆိုတဲ့ အတိုင်း
အချစ် အကြမ်း အလွမ်း အနမ်း တွေစုံလို့
ဘ၀ရဲ့ ပွဲခင်းထဲ ခဏတဖြုတ်
ဝင်လာတဲ့လူ ၊ ပြန်ထွက်သွားတဲ့သူ
မိုးလင်းအထိ ထိုင်ကြည့်နေတဲ့ သူတွေနဲ့
ဇာတ်က အသက်ဝင်နေလိုက်တာ...။
ပရိသတ် အလိုကျ ငိုခဲ့ရတာတွေလည်းရှိတယ်
ဇာတ်ဆရာအလိုကျ ကြမ်းခဲ့ရတာတွေလည်း ရှိတယ်
သီတာရာမ ဇာတ်လို
သုံးနှစ် သုံးမိုး မကခဲ့ရပေမယ့်
အချိန်ကာလ အတန်ကြာသည်အထိတော့
ဇာတ်ညွှန်းတွေ ရေးခဲ့ရတယ်။
ကိုယ့်ဇာတ်ကို ကိုယ်တိုင် ကြိုးဆွဲကနေတယ်လို
ထင်ထားခဲ့ပေမယ့်
တကယ်တမ်း ပါဝင်ကပြခဲ့တာက
သူတပါးရေးတဲ့ ဇာတ်က လူကြမ်းသမားနေရာကပေါ့.....။

Friday, November 23, 2007

နေနိင်သူ

အရာအားလုံးကို လက်မြှောက်လို့
ဘ၀ကို အရှုံးပေးလိုက်တယ်
မြင်တွေ့နေတဲ့ ခပ်မဲ့မဲ့ အပြုံးတွေ
ကြားသိနေခဲ့တဲ့ ခပ်ရင့်ရင့် အသံတွေ
ရေနစ်သူကို ၀ါးကူလို့ ထိုးနေလိုက်ကြတာ
အရှုံးပေးပါတယ်ဆိုမှ ခနဲ့နေကြတယ်...။
တကယ်ဆို....ငါ အစွဲအလန်းကြီးတက်မှန်း
ဘယ်သူမှ မသိခဲ့ပါဘူး....။
မမျှော်လင့်တော့ပါဘူး...ကောင်မလေးရယ်
မျှော်လင့်တိုင်း ဖြစ်မလာတက်သလို
ဘယ်သူမှ မရှိတော့တဲ့ ဒီဘ၀ထဲ
ငါ့ အလွမ်းနဲ့ပဲ ငါ နေပါရစေတော့။

အိမ်မက်ထဲအထိ စိုမိုးနိင်လွန်းတယ် နင်းပွင့်ရယ်။ နင်ရေးတဲ့ ကဗျာတွေ ငါဖတ်ရတော့ အိမ်မက်တွေတောင် မက်မိတယ်။ အိမ်မက်ထဲမှာ မောင်ရင်ငတေ နေတဲ့ ကျွန်းပေါ် ရောက်နေတာလေ။ ဘယ်သူမှလည်း မရှိတော့ ပျော်လိုက်တာ။(ငတေကို ပုန်းခိုင်း ထားတာ...ဟီးဟီး။ ဒီကောင်က ရှော့ရှိတယ်။ ) နှင်းပွင့်က အုံးရေသောက်လိုက် ကိုယ်က ပေါက်လိုက်နဲ့။ သြော်...ပေါက်တယ်ဆိုတာ နှင်းပွင့်က ဖောင်စီးချင်တယ် ပူဆာလို့ ပုဆိန်နဲ့ သစ်တွေ ၀ါးတွေကို ပေါက်ပြီး ဖောင်လုပ်ပေးနေတာပါ။

ပြီးတော့ နှစ်ယောက်သား ဖောင်ကိုဆွဲပြီး ကမ်းစပ်ကို ပြေးဖို့အလုပ် ဖောင်မှာချည်ထားတဲ့ ကြိုးကပြေရော။ အဲဒါနဲ့ ကိုယ်တို့နှစ်ယောက် ပျော်ပျော်ပါးပါးသောင်ပြင်ပေါ်မှာ ဖောင်ပြင်ကြတယ်လေ။ (ရေးထားသည့်အတိုင်း တည့်တည့်သာ ဖတ်ပါရန်။ ) မယုံရင်...မင်းကျန်စစ်ကိုမေးကြည့်။ အဲဒီအချိန်တုန်းက ဒင်းကျန်ရစ်တယ်။ ပျော်လိုက်တာ နှင်းပွင့်ရယ်။ အဲဒီတုန်းက ဖမ်းမဲ့သူလည်း မရှိဘူး( ငါးတွေ ဖမ်းတဲ့သူကိုပြောတာ )။ အိပ်ရာနိးတော့ ဖက်ခေါင်းအုံးမှာ အပေါက်တွေနဲ့။ အိမ်မက်က ကောင်းလွန်းလို့ ကြွက်ဝင်ကိုက်သွားတာတောင်
မသိလိုက်ဘူး။ ဒီအကြောင်းကို သိတော့ ကိုရန်အောင်က ရန်ဆောင်နေတယ်လေ။(အဲလို မပြောဘူးနော်။ )

နှင်းပွင့်ရေ....ကိုဂျူလိုင်ရဲ့ အိမ်မက်တွေထဲကလို ငါတို့မဝေးပါရစေနဲ့။ ဝေးခဲ့ရင်တော့ မေပျိုလို ကိုယ် အသေငိုမှာနော် (အများကြီးငိုတာ ပြောတာပါ)။အခုလည်း နှင်းပွင့်ဖြူလေးက သူနဲ့နာမည်တူလို့ တရားစွဲမယ်တဲ့လေ။ လွပ်လပ်စွာလွမ်းခွင့်မရတော့ပါလား နှင်းပွင့်ရယ်။ (အဟင့်ဟင့်....ဟင့် ) နွဲ့ကြည့်တာ။တို့မြို့တော်ကြီးက လျှပ်စစ်မီးနဲ့ လူတွေလို တွေ့လိုက် မတွေ့လိုက် ဖြစ်နေတဲ့ တို့နှစ်ယောက်ရဲ့ ဘ၀ကို အားမရဘူးကွာ။ လူကြီးတစ်ယောက်ရဲ့ ရင်ထဲနုနယ် ပျိုမျစ်လှတဲ့ အချစ်တွေက နှင်းပွင့်ဆိုတဲ့ မိန်းမချောလေးကို (မယုံပါနှင့်) ကြင်နာချင်လှပြီလေ။ ၅၀ မကျော်ခင် သားအရွယ် မျှော်ဖို့ ကိုယ့်ကို ငါးဆယ်ချေးပါ။ အဲ...နားလည်ပေးပါ နှင်းပွင့်ရယ်။

ပျော်ပျော်နေသေခဲ...မော်တော်နေ ရေထဲလို့ နှင်းပွင့် ပြောခဲ့တယ်နော်။မော်တော်က ရေရှိမှ တင့်တယ်သလို လူကလည်း အချစ်ရှိမှ ၀င့်ထည်မှာပါ။ထာဝရပျော်ဖို့ ထာဝ အဖော်လုပ်ရအောင် အာရှဓားပြ ၊ အဲ...ဓနဘဏ်ထက် လုံခြုံစိတ်ချတဲ့ ကိုယ့်ရင်ထဲ ၀င်လှည့်ပါတော့နော်။ ကိုယ့်ရင်ထဲမှာလေ ဟက်ပီးဝေါ ရှိတယ်။ မြကျွန်းသာရှိတယ်။ ရှုခင်းသာ ရှိတယ်။ ကန်တော်ကြီးရှိတယ်။ ယုဇနပလာဇာနဲ့ ဘလေဇွန် ရှိတယ်။ မော်ဒယ်ရှိုးရှိတယ်။ နိက်ကလပ် ရှိတယ်။ ( ကြားဖူးရဲ့လားတောင် မသိဘူး ဟိဟိ )။ လိုအပ်ရင်...အကူအညီ တောင်းရအောင် Raven ကလူကြီးကိုတောင် ပိုင်အောင်ပေါင်း ထားတယ်။

လိုချင်တာ အကုန်ရမယ် (but တခြားအမျိုးသားမပါ) ပျော်လိုက် ။ ထောင့်ငါးရာနဲ့ ငါးဆယ်ကျတယ် (ငါးဆယ်က ကားခလေ) ။ လူကြီးတစ်ယောက်ရဲ့ဘ၀ ၊ နှလုံးသား ၊ အသည်း ၊ အဆုတ် ၊ ကျောက်ကပ် ၊ ကလီဇာ အားလုံးလေလံ တင်လို့ရတယ်။ ခွေးလွှတ်....အဲ ခွင့်လွှတ်ပြီးသား။

တကယ်တော့ ရေခဲတုံးကြီးက အရည်ပျော်ခဲ့တာ ကြာပါပြီလေ။ ယောက္ခမက မောင်လေးလို့ ခေါ်ရမယ့် အသက်ကြောင့် မပြောဖြစ်ခဲ့တာပါ။ ဇာတ်လမ်းရဲ့ အဆုံးမှာ တာတူးဝါလို အမေ့ခံလူတစ်ယောက်ဖြစ်မှာလည်း ဆိုးမိပါတယ်။ (အမှန်က...အကြွေးမပေးချင်လို့ လိမ်နေတာလေ။ ရုပ်တည်နဲ့ အမေ့ခံဆိုပဲ ) ချိတ်ချိုးနဲ့။ ကိုယ့်အချစ်ကို ရဖို့အတွက်တော့ လေးညှို့ရှင်ကိုပဲ အားကိုးရ တော့မယ်။ သူ့ကို ပစ်ခိုင်းမလို့လေ။ သူကလည်း ယုန်ကလေးပဲ ပစ်နေ ချင်တော့လည်း ခက်တယ်။

“ အူး...အီး...အင်း ”

မလန့်ပါနဲ့ နှင်းပွင့်။ ဘာမှ ညှစ်နေတာ မဟုတ်ပါဘူး။ ချစ်စိတ်တွေ ဒီဂရီမြင့်လာတာပါ။ ကိုယ်လာပြီ နှင်းပွင့်။ နှင်းပွင့်ရှေ့မှာ ဖွင့်ပြဖို့ ကိုယ်လာနေပြီ။ (ရင်ဖွင့်ပြတာနော် ) အချစ်ဆိုလို့ အုန်းသီးတစ်မျိုးပဲ ချစ်ဖူးတဲ့ လူကြီး တစ်ယောက် လာနေပြီ။ ကုန်ဈေးနှုန်းထက် မြင့်မားတဲ့ အချစ်တွေနဲ့ ခုချက်ချင်း လာနေပြီ။ အိမ့်ချမ်းမြေ့ဂေဟာမှာ အတူနေနိင်ဖို့အတွက်

“တောက်....တွေ့ရင်တော့လားကွာ ”

အားပေးကြသော ညီအစ်ကိုမောင်နှမများအား ကျေးဇူးတင်ပါသည်။
(ဆိုးသွမ်း)


Thursday, November 22, 2007

စေတနာရှင်

အရက်သေစာ မသောက်ပါနှင်
စာကဗျာရေး ပညာပေးသော
စာရေးဆရာ ကွယ်လွန်ရှာပြီ
ကင်ဆာ အသည်းမှာ
ဖြစ်သောကြောင့်။

Tuesday, November 20, 2007

ဒီဘလော့ဂ်မှာ..... နှင်းပွင့်နာမည်တွေ့လိုက်ရလို့ ပြူးသွားလေရော့မလား။ နှင်းပွင့်မှာ ပြုးစရာ မျက်လုံးနှစ်လုံး ရှိတာ ဆိုးသွမ်းသိနေတယ်လေ။ မပြူးလိုက် ပါနဲ့ နှင်းပွင့်။ (မျက်လုံး)။ ပြဲချင်တာ ပြဲခွင့်ရှိပါတယ်။ (ပါးစပ်)။ ဒါပေမယ့် ဒီစာကို ဖတ်ပြီးရင်တော့ လူကြီးအပေါ်နားလည် ပေးပါတော့နော်။

“ နှင်းပွင့် ” လို့ပဲ ခေါ်ချင်တယ်ကွယ်။ လူကြီးတစ်ယောက်ရဲ့ ရင်ထဲက ချိုမြိန်တဲ့ချစ်ခြင်း တစ်ခုရဲ့ အပြင်းစား ဂီတသံကို နားဆင်ကြည့်ပါနော်။ ရှင့်စကားကို နားဆင်ကြည့်မယ့် အစား ကျားဖင်သာ ပြေးကြည့်လိုက်ချင်တယ် လို့တော့ ပြန်မပြောလိုက်ပါနဲ့။ (တော်တော် စကားတက်တဲ့ ကောင်မလေးဗျ)။

ကိုယ်ငယ်စဉ်ကတည်းက အချစ်အကြောင်းများ မသိခဲ့ပါဘူး။ ရူးလောက်တဲ့ အချစ်မျိုးနဲ့လည်း ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပါဘူး။ (ဟိုတစ်ယောက် သိရင်တော့ မြွေကိုက်တာပဲ..ဟီးဟီး)။ ဒဏ္ဍာရီလို အလွမ်းအဆွေးမျိုး တစ်နေ့နေ့ တွေ့ကြုံရမှာကို ကြောက်မိခဲ့လို့ပါ။ အခုတော့ ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်နေပြီလေ။ ငြိမ်အောင်လည်း ထိန်းထားဖို့လည်း မရပါဘူး။ ဒါကို အချစ်လို့ခေါ်မလား နှင်းပွင့် ရယ်။ (သီချင်းထဲက ကူးချတာ ဘယ်သူမှ မသိစေနဲ့နော်) နှင်းပွင့်နဲ့မှ ချစ်တက်တာပါ။ ( ရုပ်ကြမ်းကြီးနဲ့ နွဲ့နေပြန်ပြီ)။

ခက်တယ်....နှင်းပွင့်ရယ် ခက်တယ်။ ဒီလိုခက်ရတဲ့ အကြောင်း အရင်းက ဘာလည်းဆိုတော့ မလွယ်လို့ပေါ့နော်။ (ရှင်းတယ်ဟုတ်)။ အီလန်တို့ အိုဆိုတို့ ၊ ရို့စ်တို့နဲ့ လျှော်ပစ်လို့မရတဲ့ အသက်အရွယ်နဲ့ ဂုဏ်သိက္ခာဆိုတာ ကြီးက လူကြီးရဲ့ နှလုံးသားကို ထိန်းချုပ်ထားခဲ့တယ်လေ။ ပြီးတော့ နှင်းပွင့်ကို မြင်မြင်ချင်း လန့်အော်မိတာလည်းပါတယ်။ ဒါကြောင့် အကြာကြီး မျိုသိပ်ခဲ့မိတာပါ။ မျိုသိပ်ထားတဲ့ ဝေဒနာဟာ အရမ်းကို ဆိုးလွန်းလှပါတယ်။ ( မယုံရင် ၀မ်းနုတ်ဆေး စားပြီး တင်းထားကြည့်) အခုတော့ မရတော့ပါဘူး။

အက်တမ်တွေ စုလိုက်ရင် အရာဝတ္တုလေးတစ်ခု ဖြစ်လာတယ်။ အရာဝတ္တုလေး တွေစုလိုက်ရင် အကြီးကြီး ဖြစ်လာတယ်။ အကြီးကြီးတွေ စုလိုက်ရင် ဟဲဗီးကြီး ဖြစ်လာတဲ့ သဘောကို နှင်းပွင့် သိမှာပါ။ ဒီလိုပဲ နှင်းပွင့်ရဲ့ အကြင်နာမျက်ဝန်း လေးတွေကို စုလိုက်တော့ အချစ်လေးတစ်ခု ဖြစ်လာတယ်။ အချစ်လေးတွေကို စုစည်းလိုက်တော့ အချစ်ကြီး ဖြစ်လာတယ်။ ပြီးတော့ တစ်ခါ ဟဲဗီးအချစ် ဖြစ်လာတယ်။ ဟဲဗီး အချစ်တွေများလာတော့ နှင်းပွင့်ရေ.....

“ ၀ုန်း....ဒိုင်း...အုံး...ဖုန်း ”

မကြောက်ပါနဲ့ နှင်းပွင့်။ မြ၀တီက တရုတ်တွေ သိုင်းချနေတဲ့ အသံ မဟုတ်ပါဘူး။ လူနာခွဲစိပ်နေတာလည်း မဟုတ်သလို မှော်ဆရာ အဂ္ဂိရက် ထိုးနေ တာလည်း မဟုတ်ပါဘူး။ မိုးချစ်သူ ချဲလ်ဆီးပွဲ ရှုံးလို့ထိုင်ခုံကို ကန်ထုတ်တာ မဟုတ် သလို....ဆုဝေ အတွေးလွန်ပြီး ခုံပေါ်က ပြုတ်ကျတာလည်း မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲ က အချစ်တွေ ပေါက်ပြဲ...အဲ ပေါက်ကွဲထွက်ကုန်တာပါ။

နှင်းပွင့်....ကိုယ်ဟာ မျှားပြာ လိုအသားဝါတဲ့ သူမဟုတ်ပေမယ့်... Okisu လို ဒိုဘီစုတဲ့ လူလည်း မဟုတ်ပါဘူး။ ( နည်းနည်း သည်းညဉ်းခံကြပါ) ဟီးဟီး။

နှင်းပွင့်ရေ....ကိုယ်ဟာ မာန်လှိုင်းငယ် လို ပြန်ခိုင်းမယ်ဆိုတဲ့ လူစားမျိုးမဟုတ်သလို ၀င်္ကပါ လိုအရင်တခါဟာတွေလည်း အကြွေးပြန်မတောင်း တက်ပါဘူး။ ( ဖဲကြွေးမဟုတ်တာတော့ သေချာတယ်...ဂစ် ဂစ် )။ ညဘက်ညဘက် ညလေး လိုထပြေးတက်တဲ့ သူမဟုတ်သလို... အလွမ်းအိမ်လို...ပြန်စမ်း အိမ်ဆိုပြီးတော့လည်း နှင်မထုတ်ချင်ပါဘူး။

အမှတ်တရလင်း လို...အမှတ်တရဆိုပြီး မဗျင်းလိုက်ပါနဲ့ (တုတ်နဲ့ကောက် ရိုက်တာကို ပြောတာ ) ဒါမှ မှတ်မှာလေ။ ကိုယ့်က ကိုဖိုးဇင်လို နှင်းပွင့်ကို ကိုယ့်အမျိုးမြင်သလို စိတ်ထဲခံစားခဲ့ရတာပါ။ (ပိုင်သကွာ...ဆိုးသွမ်း သိပ်ပိုင်တဲ့မင်းပဲ ....ငှဲငှဲ ) ။

ရေခဲနှလုံးသားနဲ့ လူကြီးတစ်ယောက် အချစ်ကြောင့် အနပညာကို ခံစားတက်နေပြီလေ။သိပ် မြတ်နိးခဲ့မိတဲ့ နှင်းပွင့် အတွက် ခံစားပြီး ကဗျာတစ်ပုဒ်တောင် ကိုယ်ဆိုပြမယ်။ နှလုံးသားနဲ့ နားထောင်ပါ နှင်းပွင့်။ ကဗျာလေးက

ဆိုးသွမ်းက ဗေဒါ
နှင်းပွင့်က အီးတုံး
မြစ်ရေပြင် ရေလျင်ကြောမှာ
မျောလိုက်ပါဦး....တဲ့။

နှင်းပွင့်က ကိုယ့်ကို ကောင်းကင်ထက်က ပန်းတစ်ပွင့်လို့ တင်စားခဲ့တယ်နော်။ ကိုယ်ကတော့ ဗေဒါပန်းပဲ ဖြစ်ချင်တယ်။ ဒါမှ နှင်းပွင့်နဲ့ ကဗျာထဲကလို အတူတူမျောလို့ရမှာပေါ့။

ဗရာကြော် အကြော်သည်လေးကနေ ကမ္ဘာကျော်မော်ဒယ်လေး ဖြစ်ချင်လိုတဲ့ နှင်းပွင့်ရယ်....ကိုယ်က ဂျစ်တူးလို....အချစ်ရူးခဲ့ရတာပါ။ ဘင်လာဒင်လို...အပျို တကာ မြင်တိုင်း.. ( ဆက်ပါဟ... ကာရံမမိတော့ဘူး )..မြင်တိုင်း ရင်ခုန်တက်သူ မဟုတ်ပါဘူး။ (တော်သေးတယ် ရင်ခုန်တာ ကယ်သွားလို့ )။

နှင်းပွင့်တို့ အိမ်နားက ဆေးဆိုင်မှာ ဆာဒူးကြီးသွားဝယ်တော့ ဆိုင်က ကောင်မလေးတွေက လူကြီးကို နှာဘူးကြီးလို့ ပြောလိုက်တယ် နှင်းပွင့်ရယ်။ အဟင့် အဟင့် ( ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့ )။

အခုဆိုရင် အချစ်နဲ့ မကင်းလွတ်တဲ့ လူသားတွေကြားထဲကို လူကြီး တစ်ယောက် ၀င်ရောက်လာခဲ့ပြီလေ။ နှင်းပွင့်ရဲ့ ရင်ထဲမှာ ဘဲဘဲကြီးရှိလား ဆိုပြီးတော့ ဘိုးဘိုးပြောင်ဆီမှာ ဗေဒင်သွားမေးတော့ သူက မဟာဘုတ်
ဆိုတဲ့ တိုင်ကြီးကို ထောင်ပြီးတော့ ကိုယ့်ကို ဟောလိုက်တယ်။ သူရဲ့ မဟာဘုတ်က“ မဟုတ်ဘာ ”တဲ့လေ။ ငှဲလျောင်း ငှဲလျောင်း...ငှဲလျောင်း။ ပျော်လိုက်တာ နှင်းပွင့်ရယ် တကယ်ပါ။ လဒအိုကြီး အပုပ်ကောင်တွေ့တဲ့
အတိုင်းပဲ (ဂိန်...ကိုယ်ဟာကို ဆော်မိပြီ )။

နှင်းပွင့်နဲ့ အတူနေခွင့်ရတဲ့ အခါကျရင်.... တော့တိုးချနလို တော် ဂိုးပြန်ပြီ လားလို့ မပြောပါနဲ့နော်...( လက်ဖက်ရည် ဆိုင်...လက်ဖက်ရည်ဆိုင်)။ ကိုယ်က ဆောင်းနိဒါန်းလို....အဟောင်းဘိ တန်းမသွားပါဘူး။ (မိတ်ဟောင်း ဆွေဟောင်းတွေ နေတဲ့ နေရာပြောတာပါ။ )

Chaos လို..အများဗျို့ ဆိုပြီး ကျူရှင်လည်း ဖွင့်မစားပါဘူးကွယ်။ (အဟီး ချိတ်ချိုးနဲ့ ) နှင်းပွင့်နဲ့ ကိုယ်တို့ကြားမှာ ကိုးကွယ်တဲ့ ဘာသာ မတူလို့ အခက် အခဲတွေ ရှိမှာလားလို့ နှင်းပွင့်ပြောခဲ့တယ်နော်။ တကယ်တော့ တို့နှစ်ယောက် ရဲ့ နှလုံးသားတွေက မာယာမထားကြရင် ဘာသာတရားဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး။ သိပ်ဂျစ်တယ်...နှင်းပွင့်ရယ်။ ထပ်ပြောမယ် ...သိပ်ဂျစ်တယ် ( ဟူး....မောလိုက်တာ )။

ဒီနိင်ငံမှာ ရဲမဖမ်းတိုင်း လွမ်းမိတယ် နှင်းပွင့်ရယ် (ဘာမှလည်း မဆိုင်ဘူး)။ သန်းခေါင်ကျော်တဲ့ ညတွေလည်း များလှပါပြီ။ ( သန်းခေါင်က သူ့ဘာသာ သူကျော်တာ ကိုယ်လည်း အိပ်ချင်ရင် ၀င်အိပ်လိုက်တာပဲ )။ လမ်းပေါ်က အရက်သမားတွေ အော်သံကြားရင်လွမ်းတယ် ။ဓမ္မာရုံက အမျှဝေသံကြားရင် နှင်းပွင့်ကို လွမ်းတယ်။ လမ်းပေါ်က မော်တော်နဲ့ ပီကယ်နဲ့ ဂွင်ရိုက်နေတာ တွေ့ရင် နှင်းပွင့်ကို လွမ်းတယ်။ ကြောင်နှစ်ကောင် အော်သံကြားရင် နှင်းပွင့် ကိုလွမ်းတယ်။ စည်းမရှိ ၊ ကမ်းမရှိ ကာရာအိုကေ ဆိုင်က အော်သံတွေကြား ရင် လွမ်းတယ်။ နစ်လုံးထီပေးတဲ့ ဂျေ ကို ဘီယာဆိုင်မှာ တွေ့ရင် နှင်းပွင့် ကို လွမ်းတယ်။ ပြောလို့ မကုန်နိင်အောင်ကို လွမ်းတယ်...နှင်းပွင့်ရေ။ (ဒီလိုပဲ လိမ်ရမှာပဲ )။

နှင်းပွင့်ရေ ကိုယ်က ဖန်ဆင်းရှင် မဟုတ်ပေမယ့် ကိုယ့်အချစ်က အာလာဒင် လိုမျိုးပါ။ ချစ်သူက “ ကျွန်မကို ချစ်ရင် မောင်ကြီးရယ် ၀ယ်ပေးပါလား”လို့ ပူဆာရင် “ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ ” လို့ပြန်ပြောတဲ့ လူတွေထဲမှာ ဒွေးပါပေမယ့် ကိုယ်မပါဘူး။ ချစ်တဲ့ နှင်းပွင့် လိုတိုင်းတ ရနိင်ဖို့ အတွက်...နတ်သျှင်နောင် ဆီက မြက်ပင်တစ်ထောင် အားတိုးဆေး ၀ယ်ထားတယ်။ ( ဓါးပြတိုက်မလို့ပါ...နှင်းပွင့်ကို မထိပါဘူး ) ဟီးဟီး။ အခုလည်း နှင်းပွင့်နဲ့ ဆီဒိုးနားမှာ လက်ထပ်ဖို့ဆိုပြီး ကိုယ် ထီထိုး ထားပါတယ်။

လေနတ်သားရဲ့ ကျီစယ်မှုမှာ အလိုက်သင့် လွင့်မျောနေတဲ့ ဆံနွယ်လေးတွေကို ချစ်တယ် (ကတုံးတုံးထားတာ သူက )။ နေခြည်သွေးရဲ့ နမ်းရှိုက်မှုကို မကျေမနပ် တုံ့ပြန်လိုက်တဲ့ ပန်းနုရောင် ပါးပြင်လေးကို ချစ်တယ်။ မြို့တော်နာရီအိုကြီးလို ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းလှလှလေးကိုလည်း ချစ်တယ်။ လမ်းဘေး ဈေးထဲက... ခရမ်းသီးလေးလို လှပတဲ့ နှာတံလေးကိုလည်း ချစ်တယ်။ ဇော်ဂျီရေလှောင် တမံ နဲ့တူတဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးကိုလည်း ချစ်တယ်။ ကုလားအုတ်နဲ့ တူတဲ့ လည်တံဖြူဖြူ လေးကိုလည်း ချစ်တယ်။ ရေသည်ယောင်္ကျား ထမ်းပိုးနဲ့တူတဲ့ ပခုံးလေးကိုလည်း ချစ်တယ်။

(တစ်ခုကျော်လိုက်တယ်)

ဖက်လိုက်ရင် ကျိုးသွားမှာ ကြောက်မိတဲ့ ပုရွတ်ဆိတ်ခါးလေးကိုလည်း ချစ်တယ်။

( နှစ်ခုကျော်လိုက်တယ်)

စူဋ္ဋသုဘဒ္ဒါလို လှပနနယ်တဲ့ ခြေဖ၀ါးလေးကိုလည်း ချစ်တယ်။(ဆင်ခြေထောက်) အားလုံးပေါင်းလိုက်တော့ နှင်းပွင့်ကို ကိုယ်က မျိုချမတက် ချစ်နေခဲ့ပြီလေ။ ဂလု တကယ်တမ်း ယှဉ်လိုက်ရင် စကြ၀ဋ္ဋာဆိုတာ ကိုယ့်အတွက် သေးသေးလေးပါ။

အိမ်မက်ထဲအထိ စိုမိုးနိင်လွန်းတယ် နင်းပွင့်ရယ်။ နင်ရေးတဲ့ ကဗျာတွေ ငါဖတ် ရတော့ အိမ်မက်တွေတောင် မက်မိတယ်။ အိမ်မက်ထဲမှာ ကျွန်းပေါ်ရောက်နေ တာလေ။ ဘယ်သူမှလည်း မရှိတော့ ပျော်လိုက်တာ။နှင်းပွင့် ကအုံးရေသောက်လိုက် ကိုယ်က ပေါက်လိုက်နဲ့။ သြော်...ပေါက်တယ်ဆိုတာ ပုဆိန်နဲ့သစ်တွေကို ပေါက်ပြီး ဖောင်လုပ်ပေးနေတာပါ။

ဒီလိုနဲ့.....
(ဆက်ရန်)


အဖြည့်ခံ....အလွမ်း

ဆူးတွေ ပါမယ် မထင်လို့
တယုတယ ပျိုးခဲ့ပါတယ်
ခုတော့ ရင်ဘတ်တစ်ခုလုံး
အလွမ်းတွေနဲ့ လောင်ကျွမ်းလို့
ကျားကန်ထားတဲ့ ဘ၀ကိုမှ
လာပြီး......ခလုတ်တိုက်သွားသူရေ
ဒီမှာတော့ ဒဏ်ရာတွေနဲ့ ဖူးသစ်နေခဲ့တယ်။

ကဲ...ကျွန်တော့ဆီလာလည်တဲ့ ညီအစ်ကိုမောင်နှမတွေလည်း ၊ အလည်လာတိုင်း
ကဗျာတွေ ဖတ်ပြီး ၀မ်းနည်းစွာ ပြန်ပြန်နေရတာ ကြာလာတော့ စိတ်တောင်
မကောင်းတော့ဘူး။ နောက်တစ်ခါ လာရင် ပြုံးပြုံးရွှင်ရွှင် နဲ့ ပြန်သွားရအောင်
ဟာသ တိုလေး တစ်ခု...ရေးနေတယ်ဗျ။ အဆုံးသတ်ခါနီးပါပြီ။ ဇာတ်လမ်းထဲ
က ကာယံရှင်နာမည်ကိုလည်း...ခွင့်ပြုချက် ယူထားပြီးပါပြီ။ ဒါတောင် ဒင်းက
ဆင်ဆာ ဖြတ်မယ်လုပ်နေလို့...လက်ဖက်ရည်ဖိုး သိုသို သိပ်သိပ်ပေးခဲ့ရသေး
တယ်။ စောင့်မျှော်ဖတ်ရှုအားပေးကြစေချင်ပါတယ်။ တင်ပြီးတဲ့နေ့ စီပုန်းမှာ
လိုက်အော်ပါ့မယ်။ ဇာတ်လမ်း ခေါင်းစဉ်လေးက ......တော့
“ တောက်...တွေ့ရင်တော့လားကွာ ” တဲ့...........။

Monday, November 19, 2007

ဖြူစင်မှု သံယောဇဉ်ကို
အရောင်မဆိုးချင်တော့သလို
ခင်မင်မှု ဘောင်လေးထဲကလည်း
ရုန်းမထွက်ချင်ဘူး......
မွန်ကြပ်တဲ့ နှလုံးသားတွေကိုလည်း
နောက်ထပ်.......လွတ်မြောက်ခွင့် မပေးချင်တော့ဘူး
အရောင်ပြောင်းနေတဲ့ မေတ္တာတွေကိုလည်း
အရောင်ပြောင်းခွင့် မပေးနိင်တော့ဘူး
အချစ်ဆိုတာလည်း နောက်ထပ်
မသိချင်တော့ပါဘူး
ဒီစောင့်စည်းမှုကြားကပဲ
သူငယ်ချင်းရေ.....
နင် နဲ့ ငါ....ဝေးကွာခဲ့ရတယ်နော်။

Sunday, November 18, 2007

ဘ၀သေတဲ့....ည

တိတ်ဆိတ်တဲ့ ညပါ
မိုးတွေသည်းလို့
ကိုယ် ကမ္ဘာပျက်တဲ့ ညပေါ့
တသက်တာ ထာဝရ
ရင်နင့်အောင် ချစ်ခဲ့တဲ့ နင့်ကို
အပြီးအပိုင် ဆုံးရှုံး
မေ့မုန်းလိုက်ရတဲ့ ညလေ
မ..........ရေ
တစ်ပါးသူ ရင်ခွင်မှာ ခိုလှုံလို့
နင်ထားခဲ့တဲ့ညပေါ့......။

Saturday, November 17, 2007

မပြန်လမ်း

မဖြစ်မနေသွားရမယ့် ဘာမှ သယ်မသွားနိင်တဲ့ ဒီခရီး
နာရီတိုက်ထားလို့ ပြင်ဆင်ခွင့် မရတဲ့ဘ၀တွေ
တစ်ယောက် ခုန်ဆင်းသွားပြန်တော့
နောက်ထပ် တစ်ယောက် အစားထိုးတက်လာတယ်။
တစ်ကိုင်းထဲ....သီးခွင့်ရတာချင်း အတူတူ
မှည့်နေတဲ့ သစ်သီးက အညှာခိုင်ခဲ့
မပွင့်ရသေးတဲ့ပန်းက ကြွေချင် ကြွေသွားတက်တဲ့လောက။
လူတစ်ယောက်....သတ္တ၀ါတစ်ခု
ရေချိုးနေရင်းတန်းလန်း
စားနေရင်း တန်းတန်း....ငေးနေရင်း တန်းလန်း
အင်္ကျီလဲနေတုန်း.....ဆိုင်ကယ်စီးနေတုန်း
မော်တော်ကားမောင်းနေတုန်း
ဆပ်ပြာ ပူဖောင်း ဖျတ်ခနဲ ပေါက်သလို
သဲလွန်စမကျန်အောင် ဖြစ်သွားခဲ့တယ်။
.....ဒါပေမယ့်.....
ဓတ်ပုံတွေ ကျန်ခဲ့....သီချင်းတွေ ကျန်ခဲ့
စကားလုံးတွေ ကျန်ခဲ့....နာမည်တွေ ကျန်ခဲ့
အမှားတွေ ကျန်ခဲ့...နောက်ဆုံး အနံတောင် မကျန်ခဲ့တဲ့
အဖြစ်တွေလည်း ရှိခဲ့တယ်။
ကျန်နေတဲ့ အရာတွေကကော မကျန်ဘူးလားဆိုရင်
နံရံပေါ်မှာ ပြက္ခဒိန်ပဲ ခြားမယ်
နေ့လား...ညလား အကြားမလပ်
အသက်ဆိုတာ အပိုတစ်ချောင်းပါမလာ
သံသရာဟာ ဆွဲဆန့်သလောက်
ရှည်လျားကောက်ကွေ့နေရတဲ့ အဖြစ်
အခွံချည်း မျောပါရတဲ့ အိမ်အပြန်ပေါ့....။

အမှတ်တရလင်း..က အချစ်အကြောင်း တစေ့တစောင်းတဲ့ ။ အမှန်က ကျွန်တော်
လည်း သိပ်မသိဘူး...လင်းရေ။ အချစ်အကြောင်းထက် ဘ၀အကြောင်းတွေ ရေး
ရတာတော့ ကျွန်တော် တော်တော် စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အခုလောလော
ဆယ်တော့ မလင်း....Tagထားတော့လည်း ရေးချလိုက်တော့တယ်။

အချစ်ဆိုတာ လူသိများပြီး မှတ်ပုံမတင်ရသေးတဲ့ ကုန်အမှတ်တံဆိပ် တစ်မျိုး..
အချစ်ဆိုတာ သရဖူနဲ့ ရာဇပလ္လင်ကို ငြင်းပယ်ရဲခဲ့တဲ့ သစ္စာတရား.....
အချစ်ဆိုတာ ရဲတိုက်တစ်လုံးကို ညတွင်းချင်းတည်ဆောက်လိုက်နိင်တဲ့
အပြုစိတ်ရဲ့ မောင်နှင်အား....
အချစ်ဆိုတာ ကမ္ဘာဦး ပန်းခြံထဲက မခွဲစိတ်ရသေးတဲ့ အိမ်မက်စိမ်းတွေ
အချစ်ဆိုတာ အချိန်မရွေး ပေါက်ကွဲသွားနိင်တဲ့ ချိန်ကိုက်ဗုံးတစ်လုံး

အဲဒီလိုပဲ...အချစ်ဆိုတာ ကိုယ်ချစ်ရတဲ့ သူရဲ့ အခြေအနေပေါ် မူတည်ပြီး
အဓိပါယ် အမျိုးမျိုး ယူဆလို့ရတဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ပါ။ ပိုင်ဆိုင်နိင်တဲ့
သူက ရယူပိုင်ဆိုင်ခြင်း ၊ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ သူက...စွန့်လွှတ်ခြင်း ၊
ပြောတက်ကြတယ်။ တွေ့ကြုံခဲ့ရတဲ့ အချစ်ပေါ်မူတည်ပြီး လူတွေက သူ့ကို
နာမည် အမျိုးမျိုးပေးထားကြပြန်တယ်။ သေချာတာတစ်ခုကတော့
ကိုယ်တစ်ကယ်...ပြန်လည် မပေးဆပ်နိင်ရင် အချစ်ဆိုတာကို ဘယ်သူ့ကိုမှ
သွားမစမိပါစေနဲ့လို့....ကျွန်တော် အကြံပေးချင်ပါတယ်။ လင်းရေ...အကြွေး
မရှိတော့ဘူးနော်။ ဟဲဟဲ။




ဘ၀မှာ ဟိုးငယ်စဉ် ကလေးတည်းက မက်ခဲ့ဘူးတဲ့ အိမ်မက်တွေက
အများကြီးပဲ။ အကောင်အထည် မပေါ်ခဲ့တဲ့ အိမ်မက်တွေရယ်...အကောင်အထည် ပေါ်ခါနီးမှ ပျက်ခဲ့ရတဲ့ အိမ်မက်တွေရယ် နဲ့ ကြီးပြင်းလာခဲ့မိတယ်။ အံဆွဲထဲက...သိမ်းထားတဲ့....ဘ၀စာအုပ်ကို ထုတ်ပြီး ပြန်ဖတ်ကြည့်တော့လည်း ခြစ်ရာတွေများလိုက်တာ။ ဒီလိုနဲ့ ကုန်လွန်လာခဲ့တဲ့ စာရွက်တွေသာ များသွားတယ်....မှတ်မှတ်ရရ မှင်နီမတားခံခဲ့ရတဲ့ စာမျက်နှာတွေ နည်းပါးမှန်း သိသာပါတယ်။အမေက ပြောဘူးတယ်....သားတဲ့ “ လောကမှာ လူလည်ကျဖို့ မလိုဘူးဒါပေမယ့် လူရည်လည်ဖို့တော့ လိုတယ်တဲ့ ” အခုထိ ကြားယောင်နေ ပါသေးတယ်။ ကိုယ့်သမိုင်းကိုယ ရေးနေတဲ့ ဒီလောကကြီးမှာ သူငယ်ချင်း တစ်ယောက်ကလည်း ပြောဘူးတယ် “ သမိုင်း မလှတာထက် သမိုင်းမရှိတာ ကခံပြင်းဖို့ ကောင်းတယ်တဲ့”....စဉ်းစားရင် သိသာနိင်တဲ့ ဒဿာန စကားလေးတစ်ခွန်းပါ။

ဒါကို ပျော်တက်တဲ့ သူငယ်ချင်းတစ်ယောက်က ဘာပြန်ပြောလည်း
ဆိုတော့... “သမိုင်းမရှိတာထက် သမိုင်းစာအုပ် ပျောက်နေတာ ဆိုးတယ်တဲ့ ဟီး ဟီး...ဘယ်နားထားမိမှန်း မသိဘူး ပျောက်ရင် လျှော်ရ တော့မယ်တဲ့လေ” ။ တွေကြုံနေရတဲ့ လောကဓံက ဘာလို့များ တစ်ယောက်နဲ့တစ်ယောက့်မတူညီနိင်ကြတာလည်း ဆိုတာ ၊ စဉ်းစားမိတိုင်း ဘာကို စိတ်တိုရမှန်း မသိဘူး။

“ တစ်ခုလိုချင်...တစ်ခုပေးရမယ်တဲ့ ” လက်သင့်ခံနိင်တဲ့ စကားလေး
ပါ။ အောင်မြင်မှုလိုချင်ရင်...အချိန်တွေ ၊ ငွေတွေ ၊ ကြိုးစားအားထုတ်မှုတွေထိုက်သင့်သလောက် ပေးဆပ်ရမှန်း သိပေမယ့် ၊ အခမဲ့ ကူညီတဲ့ အလုပ်ကိုတော့ လူတွေတော်တော်များများ မေ့ထားတက်ကြတယ်။ ရှေ့ဆောင်လမ်းပြကိုယ်က လမ်းဖောက်ခဲ့လို့. လူအများက လေးစားနေကြတဲ့ အချိန်မှာ လမ်းဖောက်ခ...တစ်စုံတစ်ရာတော့ လမ်းလျှောက်မဲ့ သူတွေကို မကောက်သင့်ပါဘူး။ “အကျိုးလိုလို့ ညောင်ရေလောင်း ” ဆိုတဲ့ စကားက သူတို့ကြောင့်ပေါ်လာတာပဲ ဖြစ်မယ်ထင်တယ်။ သူများလိုချင်တာ..ကိုယ့်မှာ ရှိနေရင်ကိုယ်အတွက်လည်း အသုံးမလိုရင်...အခမဲ့ပေးနိင်မဲ့သူ ဖြစ်နိင်မဲ့ စိတ်ထားမျိုးမွေးမြူတက်ဖို့ လိုအပ်ပါတယ်။


Thursday, November 15, 2007

လာရောက်လည်ပတ်ကျသော...ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမများအားလုံး
အား စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကျပါစေလို့
ကျွန်တော်ဆုတောင်း ပေးလိုက်ပါ၏။ အခုတလော ကျွန်တော်ပို့စ်အသစ်များ
Tag ထားသည်များအား အကြွေးမဆပ်နိင်ရခြင်းမှာ မောင်ဆိုးသွမ်း
ထောင်ဖောက်ရန် စိတ်အားထက်သန်နေ သောကြောင့် ဖြစ်ပါကြောင်း
နားလည်စေချင်ပါသည်။ တစ်နေ့တစ်နေ့ Michael Scofield နှင့်အတူ
ထောင်ဘယ်လိုဖောက်ရင် ကောင်းမလည်း ဆိုသည်သာ
ခေါင်းထဲ ၀င်လာသောကြောင့် ပို့စ်များ မတင်နိင်ခြင်းဖြစ်ပါသည်။ အားလုံးသော
သူများ မဟုတ်တောင်....တော်တော်များများ သိကြမည်ထင်ပါသည်။
ကဲ...ကျွန်တော် ထောင်ဖောက်ဖို့ ဆက်၍ကြိုးစားလိုက်ပါဦးမည်။
ဘလော့ဂ်ညီအစ်ကို မောင်နမ များခင်ဗျာ။ ဆိုးသွမ်းတို့ ထောင်ထဲက
လွတ်လာရင်တော့..သတိထားကြတော့ဗျို့။ နာမည်တောင် ပြောင်းလိုပြီနော်။

Scofield Soerthawn လို့....ဟား ဟား ဟ။

ဒီဇတ်ကားက လက်ရှိအမေရိကန် တီဗီစီးရီးမှာ ပြသနေသော ဇတ်လမ်းတွဲ
ဖြစ်ပြီး နာမည်ကျော်လူကြိုက်များနေပါကြောင်း။ ဇတ်လမ်းက အတွဲလိုက်
ဖြစ်ပြီး အပိုင်းပေါင်း ၄၀ ကျော်နေပြီ ဖြစ်သော်လည်း မပြီးဆုံးနိင်သေးပါဘူး။
မြန်မာနိင်ငံမှာ ထင်ရှားသော် ဆားပုလင်းနှင်းမောင်ကို သတ်လို့မရသလို
ဒီဇတ်လမ်း ပြီးသွားမှာလည်း တော်တော်ကြောက်နေကြသည်။ ဇတ်လမ်းလေး
အကျဉ်းက အင်ဂျင်နီယာကျောင်းသား ဖြစ်သူ Michael Scofield ( actor )
အတွက်...အစ်ကိုဖြစ်သူ Lincoln Burrows မှ ငွေကြေးထောက်ပံနိင်ရန်
နိင်ငံသမ္မတလောင်းအား သတ်ရန် အခကြေးငွေယူခဲ့သည်။ သို့သော်
တကယ့်တမ်း မသတ်ခဲ့ရဘဲ ဓါးခုတ်ရာ လက်ဝင်ခံခဲ့ရသည်။ ထိုစေခိုင်းမှုမှာ
ဒုသမ္မတဖြစ်နေခဲ့ပြီး...Lincoln သာ ထောင်တွင်းသို့သာ
ကျရောက်သွားခဲ့ပြီး သေဒဏ်ပေးခြင်းခဲ့ရသည်။ တရားမမျှသော အစ်ကို
အမှုအတွက် ညီဖြစ်သူမှ ထောင်ဖောက်ရန် ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်
ထိုး၍ ထောင်၏ လမ်းကြောင်းများကို ရေးဆွဲခဲ့သည်။ အဘက်ဘက်မှ
ကြိုတင်ပြင်ဆင်ခဲ့ပြီး...ဘဏ်တစ်ခုအား ဓါးပြတိုက်ကာ ထောင်တွင်းမှ
သေဒဏ်ပေးခံထားရသော အစ်ကိုအား...ကယ်တင်ရန် ၀င်လာခဲ့သော်
လည်း.........

Sunday, November 11, 2007

ခွဲခွာနေရတာဟာ ဆုံတွေ့နေရတာထက် ပိုကောင်းတယ်တဲ့ ၊ ဝေးနေရတော့
တနေ့နေ့ ပြန်လည်ဆုံတွေ့ရမှာပဲ ဆိုပြီး မျှော်လင့်နေလို့ရတယ်။ အတူတူ
ရှိနေတာက ခွဲခွာခြင်းအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိင်တယ်။ ဒီလိုပါပဲ
မချစ်ဘဲ နေလိုက်တာက သက်သာခွင့် ရနိင်သေးတယ်။ ချစ်မိပြီဆိုရင်တော့
ဘယ်တော့များ မုန်းသွားမလဲလို့ တထိတ်ထိတ် စိုးရိမ်ပူပန် နေရတယ်တဲ့...။

အဲဒီလို ပြောတာ ကြားဖူးခဲ့လေရဲ့။

Saturday, November 10, 2007

စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ပဲ
နေရောက်ခြည် နံရံတွေပြိုလဲ
ငါ့ စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ.....
သိစေချင်ပါတယ်
ရင်ထဲက အမြူတေ နှလုံးသားမှာ
သူသာ အမြင့်မြတ်ဆုံး ဖြစ်တယ်ဆိုတာ......
နားလည်စေချင်ပါတယ်
စိတ်ကူးအိမ်မက်တွေရဲ့
တစ်ကိုယ်စာ အချစ်နဲ့အလွမ်းမှာ
သူသာလျှင် ကမ္ဘာ တစ်ခုဖြစ်တယ်ဆိုတာ....
မပြောချင်တော့ဘူးလေ...
အဲဒီလို တနုံနုံ အတွင်းကြေနေရတဲ့
ဆွံအ နားမကြား နှလုံးသားရဲ့
ကြီးမြတ်သော အချစ်ကိုပေါ့........။

Friday, November 9, 2007

လွဲမှားသော ကုသမှု

ကြားနေကျ သူ့အသံလေးကို
နားစွင့် မနေတက်အောင် ကြိုးစားခဲ့ပေမယ့်
ကြားခဲ့ဘူးတဲ့ သူ့အသံတွေကိုတော့
နားထဲက ထုတ်ပြစ်လို့ မရခဲ့ပါဘူး.......။

မြင်နေကျ သူ့မျက်ဝန်းလေးတွေကို
လိုက်လံ မရှာဖွေတက်အောင် ကြိုးစားခဲ့ပေမယ့်
မြင်ခဲ့ဘူးတဲ့ မျက်ဝန်းတစ်စုံကိုတော့
အာရုံထဲက ဖြောက်ဖျက်လို့ မရနိင်ခဲ့မိဘူး.......။

မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ကြိုးစားပြီး ကုသနေ ခဲ့ပေမယ့်
တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း
နာကျင်ခဲ့ဘူးတဲ့ နှလုံးသားတစ်ခုမှာ
ဒဏ်ရာသစ်တွေ တိုးလားခဲ့ပြန်တယ်......။

ရင်ထဲက ဝေဒနာတွေကို လျော့ပါးအောင်
ဒီ ကဗျာကို ရေးခဲ့ပေမယ့်
ဒီ ကဗျာတပုဒ်ရဲ့ အဆုံးသတ်မှာ
ငါ့ နှလုံးသား တစ်ခါ ကွဲအက်ခဲ့ပြန်တယ်.....။

Thursday, November 8, 2007

သင့် ကိုယ် သင် မေးပါ....
လူရာဝင်သူ အများလေးစား သိမှတ်ခံရသူ ဖြစ်လို ပါသလား။
သင့် ကိုယ် သင် မေးပါ...
ငါ့မိသားစု ၊ ငါ့အပေါင်းအသင်း ၊ ငါ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း ၊
င့ါရပ်ရွာ ၊ ငါ့နိင်ငံ ၊ ငါ့လူမျိုး ၊ ငါ့ကမ္ဘာ အကျိုးအတွက် ဘာတွေလုပ်ဆောင်ရန်
ငါ ရည်ရွယ်ထားသလဲ။
မိမိကိုယ်ကို လေးစားသိမှတ်နိင်သူ တစ်ယောက်ဖြစ်လိုပါသလား.....
သင့် ကိုယ် သင်မေးပါ....
ငါ့ ဘ၀ရဲ့ အဓိက ရည်မှန်းချက်တွေသည် ဘာတွေနည်း ။ လောလောဆယ်
ငါ ဘာတွေ လုပ်နေသနည်း။ ဒီလုပ်ရပ်တွေသည် အဘယ်ဆီသို့ ဦးတည်
နေသနည်း။ ငါ၏ သားသမီးများအား ငါ၏ မြေးမြစ်များက ငါ့အကြောင်း
မေးသည့်အခါ သူတို့က ဘယ်လို ဖြေကြမည်နည်း။ ငါကကော ငါသည်
ဘာကောင်ပဲဟု ဖြေစေချင်သနည်း။

Wednesday, November 7, 2007

Bgm_quest

တရုတ်သီချင်းလေး နှစ်ပုဒ် တင်ပေးလိုက်ပါတယ်။ နန်းတွင်းခေတ်တုန်းက
သီဆိုတဲ့ အလိုက်လေးအတိုင်းပါပဲ။ နားထောင်လို့တော့ တော်တော်
ကောင်းတယ်။ အွန်လိုင်း ဂိမ်းတစ်ခုက ရတာပါ။ ခပ်ဆွေးဆွေးလေးပေါ့။
ကဲ နားဆင်ကြည့်ပါဦး။

Bgm_quest
Bgm_quest1

ထိပ်ထား..သို့

အလွမ်းဆိုတာ.....
ရင်ဘတ်ထဲ ဓါးတစ်ချောင်း
မျိုချထားရသလိုပါပဲ.....

ထိပ်ထားရေ....
ငါ့ရဲ့ လွမ်းဆွတ်မှုတွေ အတွက်
မင်း ကို မနာကျင်စေချင်ဘူးကွယ်....။

မတွေ့ကြုံ မဆုံဖြစ်တော့ရင်လည်း
အားလုံးကို စွန့်လွှတ်လိုက်ရလို့
သတိရခြင်းကိုတော့
ငါပိုင်တယ်....။

Monday, November 5, 2007

ဘ၀ဆိုး

ချစ်သူ ခင်၏ ပါးပြင်လှလှ
နမ်းခွင့်ရသည်
ညက အိမ်မက်ထဲမှာလေ။

မနက်မှာကြုံ နှစ်ဦးဆုံခိုက်
ပြုံးလိုက်မိစဉ် ချိုရွှင်စကား
သူပြောသွားတယ်....

“ပါးမကျိုးခင် သတိထားတဲ့”

လမ်းခွဲမှာ


တကယ်တမ်း တို့တွေ
ခွဲခွာကြရပြီ ဆိုတော့
အပြန်လမ်း
နုတ်ဆက်ခြင်းရဲ့
အပြုံးတစ်ပွင့်ဟာ
မျက်ရည်စတွေနဲ့ စိုခဲ့ရပြီ...။
ခါးသက်တဲ့ ခွဲခွာခြင်းကို
ငါတို့ ဟန်ဆောင်ပြုံးထားလဲ
နှလုံးသား အတွင်းထဲမှာတော့
မျက်ရည်မိုးတွေ စွေခဲ့ရပြီ...။
ကြံမ္မာရိုင်း တစ်စမှာ
တို့တွေရဲ့
နှလုံးသား တစ်စုံ စတေးခံခဲ့ရတာ
ကောင်းကင်က ကြယ်တစ်စုံနဲ့
လမင်းကို သက်သေပြုလို့
ငါတို့ သိပ်ချစ်ခဲ့ရက်နဲ့
လမ်းခွဲမှာ
အပြုံးတစ်စနဲ့ ငိုနေခဲ့ရပြီ...။

Sunday, November 4, 2007

အဝေးကသူ

မြင်တွေ့နိင်ခွင့်....ကြားသိနိင်ခွင့်များ ရှိရင်
နားလည်စေချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီအချစ်
ဘယ်သူနဲ့ ယှဉ်ယှဉ် မယုတ်လျော့ခဲ့ပါဘူး။

ပြောပြနိင်ခွင့်.....တောင်းဆိုနိင်ခွင့်များ ရှိရင်
ဖွင့်ဟ ၀န်ခံလိုက်ချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီသံယောဇဉ်
ဘယ်သူနဲ့ ယှဉ်ယှဉ် အဖိုးမနည်းစေခဲ့ပါဘူး။

ကံကြမ္မာ မျက်နှာသာ မပေးလို့
ခေတ္တ ခဏ.....ဝေးနေကြပေမယ့်
သံယောဇဉ်ဆိုတဲ့ နောင်ကြိုး....မဆုံနိင်မှန်း သိခဲ့ရင်တောင်
ရင်မှာ ဖတ်တွယ် သိမ်းဆည်းထားပါ့မယ်။

မှန်းဆ ကြည်နူးမှု တစ်ခုတည်းကိုပဲ....လက်ကိုင်ထားလို့
သတိရ လွမ်းဆွတ်နေတက်တဲ့....ကောင်လေး ညတွေ
မျက်ရည်နဲ့ မိုးလင်းခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့လေရဲ့။

ဖွင့်ဟ...၀န်ခံပြောတက်မှ အချစ်ပိုမယ်ဆိုရင်
ဆွံအ သွားလောက်အောင် ပြောပြခဲ့ချင်တယ်.....“မ” ရယ်
တကယ်ဆို မမြင်မတွေ့ နိင်ဘဲနဲ့တောင်
ကောင်လေးက အဝေးက တွယ်တာ ခဲ့ရတဲ့ သူမဟုတ်လား။

အိမ်မက်တွေ ရှင်သန်....မနက်ခင်းတိုင်းရဲ့ နိးထခြင်းမှာ
မျော်လင့်ခြင်းတွေ အသက်ဝင်လို့
ပြန်ဆုံနိင်မဲ့ နေ့ရက်တွေ အတွက်
ယုံကြည်စွာ စောင့်နေခဲ့ဦးမယ်.......“မ” ရယ်။

Saturday, November 3, 2007

“ပိယေဟိ ၀ိပယောဂေါ ဒုက္ခော ”
ချစ်နှစ်လိုအပ်သော သတ္တ၀ါင်္သါရ တို့နှင့် ကွေကွင်းကင်းကွာ
ရှောင်ဖယ်ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည် ဆင်းရဲခြင်း မည်၏။

IQ

ကဲ...အခုတလော ညဏ်စမ်းတာတွေ တော်တော်ခေတ်စားနေတော့လည်း

ကိုယ်လည်း ရှိတာလေး တင်ပေးလိုက်တယ် ဒီနေရာ လေးသွားကြည့်လိုက်ပါဦး
ဗျာ။ ဖြေဆိုသူ အတွက် အချိန်မိနစ် (၄၀) ကြီးများတောင် ပေးထားပါတယ်။
ဒါပေမယ့် မေးခွန်းကတော့ (၃၉) ခုပဲ ဖြေရမှာပါ။ကျွန်တော်ကတော့ကံကောင်းလို့
နော်မယ်ဆိုပဲ ။ အောင်ရုံလေးဗျို့။ ကဲ...အားပေးလိုက်ပါဦး။ ဘယ်လောက်ရှိကြလည်း
ဆိုတာ...ကျွန်တော်ထက်တော့ သာကြမှာပါ။ အဟဲ

Friday, November 2, 2007

ဆုတောင်းသူ

ဘယ်လို အခက်အခဲတွေ ကြုံကြုံ
အတားအဆီးတွေ ဘယ်လောက်ပဲ များများ
စိတ်ဓါတ်တွေ ဘယ်လောက်ပဲ ရှုံးနိမ့်ပါစေ
ကိုယ်တော်ရဲ့ ကောင်းချီးပေးသံက
“မ” အပေါ် ကျရောက်မှာပါ။
ဘာသာမတူပေမယ့်.....ရင်ထဲကနေပြီး ရည်ရွယ်လို့
ဆုတောင်းပေးလိုက်တယ်.....“မ” ရယ်။
အောင်မြင်နေတဲ့ အချိန်မှာ
ကောင်လေးကို လှည့်မကြည့်စေချင်ဘူး
ဒါပေမယ့်....ရှုံးနိမ့်သွားတဲ့ အခါမှာတော့
“မ”လက်ကို ဆုပ်ကိုင်ထားနိင်တဲ့ သူဖြစ်ချင်တယ်။
ပျံသန်းလိုက်စမ်းကွယ်....
အမြင့်ဆုံးနဲ့အဝေးဆုံးရောက်တဲ့ အထိပေါ့
မမြင်နိင်ပေမဲ့....မပြတ်သားနိင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
ကောင်လေး နောက်မှာ ရှိနေမယ်။
အတောင်ညောင်းလို့...“မ” အားအင်တွေ ကုန်ခမ်းတဲ့အခါ
ယုယစွာ ထွေးပွေ့ထားဖို့လေ။

Thursday, November 1, 2007

စကားတွေ အများကြီး မပြောပါနဲ့တဲ့
ဆာလောင်နေတဲ့ လူတစ်ယောက်အတွက် အလိုအပ်ဆုံးက
ပေါင်မုန့်တစ်ဖဲ့ပါ......။
သီချင်းတွေလည်း မဆိုပြပါနဲ့တဲ့
ဂီတကို မသိတဲ့....ဆာလောင်နေတဲ့ လူတစ်ယောက်အတွက် အလိုအပ်ဆုံးက
ပန်းသီးတစ်စိတ်ပါ......တဲ့။
အော်.....တကယ်ဆို စေတနာရှိရင် အကုန်ပေးပစ်လိုက် ။ ကိုယ့်အတွက်လည်း
မထူးခြားနား ၊ ရသွားတဲ့ လူအတွက်လည်း တစ်ဖဲ့ တစ်စိပ်နဲ့ မလုံလောက်။
တကယ် စေတနာရှိပေမယ့် အပြည့်အ၀ မပေးနိင်ရင် အစောကြီးကတည်းက
သွားမခေါ်နဲ့လေ။ မလောက်ငှတဲ့ အရာမျိုးဆိုတာ ဘယ်လိုလူမှ အလိုမကျနိင်ဘူးလေ။
သဒ္ဒါတရားကို လေးစားပါတယ် ၊ စိတ်အာရုံကို မှန်းကြည့်လိုရတယ်။
အစောကြီးကတည်းက...ပေးဆပ်ဖို့ရှိနေခဲ့မယ်ဆို တစ်စုံတရာ ကိုမျှော်လင့်လို့
မပေးလိုက်လေနဲ့။ ရက်ရက်ရောရော ပေးဆပ်လိုက်။ တဘက်လူက မတုံပြန်
ရင်တောင်....ကိုယ့်စိတ်ကို ယုံကြည်စေတယ်။