Thursday, December 6, 2007

မာန

ရင်ခွင်တခုလုံး ဖုံးကာလွှမ်းထား
မာနတရား
အခွံလည်း မာ ၊ ခွဲရန်ခက်ခဲ
သစ်ကြားသီးနဲ့သဏ္ဍာန်လားလား
တူတယ်တဲ့
ပျော့ပြောင်းအသား ၊ နူးညံ့စွာနဲ့
ချို မြ ထုံအီ ၊ ဆိမ့်ဆိမ့် ချိုတဲ့ အရသာက
ခွဲကြည့် စားကြည့် ၊ ခံစားဘူးမှ
သိနိုင်တယ်တဲ့
ကိုယ့် ရင်မှာလည်း ၊ မာနတရားဖုံးကာထားလို့
မကွဲဘူးအသည်း ၊ ခံစားချက်မဲ့တယ်
တင်းခံပေမဲ့ ၊ ပျော့ပြောင်းနူးညံ့ ၊ အသည်းနှလုံးက
ညစဉ်ငိုကြွေး ၊ မျက်ရည်မခမ်းတာ
မင်းနဲ့ခွဲမှ
ထင်းလင်း ရှင်းကာ သိလိုက်ရတယ် မောင်….
လားခူးဖေါ
ကျွန်တော့်အစ်မရဲ့...ကဗျာတွေနဲ့ ဘလော့ဂ် ညီအစ်ကို မောင်နှမတွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆို ရင်လည်း အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးမှာပါ။ အားပေးကြပါဦး။

0 comments: