Sunday, December 16, 2007

စိတ်ကူးရှိရာ

နှလုံးသား ပုပ်သိုး
ငါ့ အတွက် မျက်ရည်မိုးတော့
မသွန်းဖြိုးလိုက်ပါနဲ့.......

ရင်ခုန်သံပျောက်ဆုံး
ဟောဒီ...မင်း ဘယ်ဘက်ရင်အုံမှာ
ငါ့ မျက်ရည် သွေးလို စီးဖို့
မမျှော်လင့်ရဲတာတော့ အမှန်ပဲလေ

လူသားတိုင်း စကားမပြောတက်ပေမယ့်
စကားပြောတက်တဲ့ နှလုံးသားတွေတော့
ခဏ ခဏ ပျက်စီးဆုံးရှုံးခဲ့တာပဲ မဟုတ်လား

မင်း ပြောစမ်း....
ငါကို အရောင်ကင်းမဲ့တဲ့ ဦးနှောက်နဲ့
ပြောကြည့်လိုက်စမ်း.....
ရင်ခုန်သံကို ချစ်တာလား...အသက်ရှုသံကို ပိုင်ဆိုင်ချင်တာလားဆိုတာ

ငါ့မှာတော့ မြတ်နိးမှုတွေသာ ခဏခဏ အန်ချနေတာ
နှလုံးသားတောင် တကန့်ချင်း ပုပ်သိုးလို့
ဟင်...ဆိုပြီး လှည့်မကြည့်တက်တဲ့ သူတွေထဲမှာ
မင်း...ပါလာမှာကိုတော့ ငါကြောက်တယ်

ကောင်းပြီလေ
မစဲသေးတဲ့ ဒီမျက်ဝန်း တွေထဲ
မင်းက ခဏတဖြုတ် မိုးဝင်ခိုခဲ့သူလို့ ဆိုရင်
ငါ...မျက်ရည် သွေးလို စီးပါစေတော့....။

5 comments:

HtIlArChItHtU said...

စိတ်ကူးရှိရာရေးထားတဲ့ကဗျာလေးက
သိပ်ကောင်းတယ်ဟာ..
စိတ်ကူရှိတိုင်းကဗျာတွေရေးတတ်ရင်
သိပ်ကောင်းမှာပဲဟာ
အားပေးနေတယ်..
နင်စာမေးပွဲဖြေနိုင်ပါစေ..။
နေကောင်းပါစေဟာ..။
ကဗျာကောင်းလေးတွေကိုဖန်တီးနိုင်တဲ့
နင့်ကို...အားပေးနေတယ်..။
စိန်မမ

ahngai said...

mg, thank for writing poems for me and adding them in your blog. i love you too.

Chaos said...

ကောင်းပြီလေ
မစဲသေးတဲ့ ဒီမျက်ဝန်း တွေထဲ
မင်းက ခဏတဖြုတ် မိုးဝင်ခိုခဲ့သူလို့ ဆိုရင်
ငါ...မျက်ရည် သွေးလို စီးပါစေတော့....။

အားပါး
ဟေ့ရောင်
စာသားတွေက ထိလှချည်လား

ထွန်း said...

ဟေ့ နေပါအုန်း ရင်ခုန်သံရပ်နေပြီဆို တော့ အသက်မရှိ နိုင်ဘူး မျက်ရည်လဲ ဘယ်ထွက်တော့မလဲကွာ ဒီကြားထဲ နှလုံးသား တကန့် ချင်းစီပုတ်နေတော့ အင်း.. ရက်ကြာပြီ ထင်တယ်.. သိပ်ကြာရင် မကောင်းဘူး ထင်တယ် စေတနာနဲ့ ပြောတာပါ.

Anonymous said...

ငါ့မှာတော့ မြတ်နိးမှုတွေသာ ခဏခဏ အန်ချနေတာ
နှလုံးသားတောင် တကန့်ချင်း ပုပ်သိုးလို့
ဟင်...ဆိုပြီး လှည့်မကြည့်တက်တဲ့ သူတွေထဲမှာ
မင်း...ပါလာမှာကိုတော့ ငါကြောက်တယ်

ကောင်းပြီလေ
မစဲသေးတဲ့ ဒီမျက်ဝန်း တွေထဲ
မင်းက ခဏတဖြုတ် မိုးဝင်ခိုခဲ့သူလို့ ဆိုရင်
ငါ...မျက်ရည် သွေးလို စီးပါစေတော့....။
ကြိုက်တယ်ဗျို့ စာသားလေးက ...