Wednesday, December 12, 2007


သူငယ်ချင်း.....
ပခုံးချင်း ယှဉ်တွဲ...ကြမ်းလည်း
အတူတိုက်ခဲ့ဘူးတယ်....။

သူငယ်ချင်း.....
အပြစ်ရှိလို့....ဒဏ်ပေးခံ
မသက်သာတဲ့ ကြားက
စာနာနားလည်တက်တဲ့ စိတ်နဲ့
မင်း နဲ့ ငါ နာကျင်တဲ့ စိတ်ကို ဖျောက်ဖို့
အားတင်းရင်း .... ခိုးပြီး ရယ်နေခဲ့ကြဖူးတယ်.....။

သူငယ်ချင်း.....
တခါတခါ အဖြစ်ဆိုးတွေကြောင့်
အားငယ်မှုတွေကို...မင်းနဲ့ငါ
နားလည်မှုယူလို့
ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့ကြတယ်......။

ငါမှာ စိတ်ညစ်စရာတွေကြုံလို့
မင်းကို ဖွင့်ပြောတိုင်း
မင်းကတော့ လူကြီးစတိုင်နဲ့
နားထောင်နေလိုက်တာ.......။

ငါက ဒီလူကောင်းတယ်ဆိုတော့ အင်းတဲ့
ငါက ဒီလူမကောင်းတော့ဘူးဆိုတော့လည်း အင်းတဲ့
တော်တော် ဟုတ်တဲ့ကောင်လေ.......။

မင်းနဲ့ငါ ညီအစ်ကိုဆို
တည့်မှာ မဟုတ်ပေမယ့်
သူငယ်ချင်း ဖြစ်တဲ့ ဒီဘ၀တော့
ငါတို့....မော်ကြွားကြတာပေါ့......။

ဘ၀ဆိုတာ....တိုက်ပွဲဆိုရင်
အားမာန်အပြည့်နဲ့ တိုက်နိင်ပါစေ.....

လောကဓံ ကံတရား မျက်နှာသာပေးတိုင်း
မာန်မာန မထားရှိနဲ့
လောကဓံ ကံတရား နှိမ့်ချဆက်ဆံခံရတိုင်း
အားတင်းလို့ ဇွဲမလျော့နဲ့

ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပေမယ့်
ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ
နေထိုင်တက်ပါစေ......

ရှင်သန်လာရ ဒီဘ၀မှာ
စာနာထောက်ထား အကောင်းမြင်စိတ်ထားလို့
လူသားအကျိုး သယ်ပိုးနိင်တဲ့
သူရဲကောင်း ဖြစ်ပါစေကွာ........။

(၂၄ နှစ်ပြည့် မွေးနေ့သို့ ........)




3 comments:

Unknown said...

ကျေးဇူး နယ်သားလေး။ ကဗျာလေးအရမ်းကောင်းတယ်ကွာ။

Chaos said...

အချစ်ဆုံး........တယ်ရင်း
တစ်ယောက်
မွေးနေ့မှာပျော်ရွှင်ပါစေနော်

HtIlArChItHtU said...

မွေးနေ့ဆုတောင်းလေးနှင့်အတူ
မွေးနေ့မှာပျော်ရွှင်ပြီး
အမြဲတမ်းပျော်ရွှင်မှုအပေါင်းပြည့်စုံပါစေလို့
ဆက်လက်ဆုတောင်းပေးပါတယ်။
ကဗျာလေးကကောင်းတယ်။
သူငယ်ချင်းဆိုတာဒါပဲ။