Saturday, December 8, 2007

ထာဝရ အဆုံးထိ

ထာဝရ အဆုံးထိ ( ၀ိုင်ဝိုင်း )

ကိုယ် တို့နှစ်ယောက်ရဲ့ အသိမှာ
ကတိစကားတခွန်းမှ မရှိပါ...ဘာမှ မထူးဆန်းတဲ့ ကဗျာ
ဒီရေခဲမြစ်ရဲ့ တစ်ဖက်စီ..ကိုယ်မကြည့်မိသလို နေရင်း
တို့ နှလုံးသား တိတ်ဆိတ်နေခဲ့တာ........

ကမ္ဘာမြေခြောက်သွေ့တဲ့ နေ့ရက်တွေ
တကယ်တမ်းတော့ ငါ့ရင်မှာ...နင် တစ်ယောက်တည်းပဲ ရှိခဲ့တယ်
အို...ကြေကွဲရမဲ့ အဖြစ်တွေ နေခဲ့ရမှာ မြင်ပြီး
ကိုယ့်နှလုံးသား စိုးရွံနေခဲ့တာ......

ဒီမိုးတွေရွာတဲ့ မနေ့ ညက.....ငါ အိမ်မက်တယ်
မင်း ကို ရင်ဆိုင် ဖွင့်ပြောတော့မယ်
ထာဝရ အဆုံးထိ နုတ်မဆက်ပါကွယ်
ထာဝရဆုံးတိုင်..ကိုယ်တန်ဖိုးထားပါ့မယ်

မင်းလက်တွေ ဆုပ်ကိုင်
အခါခါ အဆက်ဆက်ပြောချင်တယ်
ဒီတသက်လုံး “ နင် တစ်ယောက်တည်း ချစ်ပါမယ် ”

ဆိုးသွမ်း

1 comments:

ကလိုစေးထူး said...

ဒီသီချင်းလေးကို တော်တော်နှစ်သက်မိတယ်ဗျာ။ အခု နောက်ဆုံးထွက်တဲ့ ၀ိုင်ဝိုင်းရဲ့ အခွေထဲက သီချင်းတွေ လေးငါးပုဒ်လောက် ကြိုက်တယ်။