Thursday, December 6, 2007

မမြင်နိင်သောအရာ


ရင်ခုန်သံတစ်ချက်
ငါ ထိန်းချုပ်ဖို့ မေ့သွားတယ်....
နင့်ရဲ့ ဖြူစင်တဲ့ မေတ္တာပေါ်
ပြစ်မှားခဲ့မိတယ်လေ....
ဒါပေမယ့် သူငယ်ချင်းရယ်
သံယောဇဉ်တွေ ပိုလာခဲ့လို့
ရင်ထဲက တိတ်တိတ်ကလေး
ခိုးချစ်မိတာ
ငါ ဘာတက်နိင်မှာလဲ
နင် မသိလည်း ငါ့စိတ်ထဲဝယ်
ရှေ့မတိုးရက် နောက်ဆုတ်ခက်နဲ့
နင် နဲ့တွေ့လျှင်
ရင်တွင်း စစ်ပွဲ ငါလွန်ဆွဲတယ်.....။

အမည်မသိ

0 comments: