Sunday, December 2, 2007

အသက်ပါတဲ့
ရင်ထဲက စကားလုံးတွေပါ
နားမခါးလိုက်ပါနဲ့
ကောင်မလေးရယ်.......။

အချစ်ရဲ့ ဆန်းကြယ်မှု့ကို
မင်း မသိမခြင်းတော့
ငါ့ ရဲ့စကားလုံးတွေဟာ မင်း အတွက်
နားခါးစရာ ဖြစ်နေမှာပါ.......။


မယုံကြည်တက်တဲ့
သူ တစ်ယောက်အတွက်
သူဌေးတောင်မှ
သူခိုးဖြစ်နိင်သေးတာပဲလေ.....။

အချစ်ရဲ့ ဆန်းကြယ်မှုတွေကို
မင်း သိလာတဲ့ တစ်နေ့မှာ
ငါ့ရဲ့ စကားလုံးတွေဟာ
ချိန်မြိန်ပြီး ရနံပြင်းတဲ့ ချစ်ခြင်းဖြစ်လာမှာပါ....။

2 comments:

နှင်းပွင့်ဖြူ said...

လမ်းလယ်ခေါင်မှာ စက်ဘီးစီးနေတာ သူတုန်း
လမ်းကို မကြည့်ပဲ ဘယ်တွေ လျှောက်ကြည့်နေတာလည်း
တိုက်ကုန်တော့မှာပဲ.. တော်သေးတာ ပေါ့ နင်တစ်ယောက်ပဲရှိလို့ .. :-) :-)

အခုအတည်ပြောပြီဟာ ...
ကဗျာလေးက ကောင်းတယ် ဟ
ဒါပေမဲ့ ပုံဖျက်သွားလို့ .. ဟတ်ဟတ်ဟတ်

ခင်တဲ့
နှင်းပွင့်ဖြူလေး

seinmama said...

Nice poem.
Nice photo.He`