Friday, November 23, 2007

နေနိင်သူ

အရာအားလုံးကို လက်မြှောက်လို့
ဘ၀ကို အရှုံးပေးလိုက်တယ်
မြင်တွေ့နေတဲ့ ခပ်မဲ့မဲ့ အပြုံးတွေ
ကြားသိနေခဲ့တဲ့ ခပ်ရင့်ရင့် အသံတွေ
ရေနစ်သူကို ၀ါးကူလို့ ထိုးနေလိုက်ကြတာ
အရှုံးပေးပါတယ်ဆိုမှ ခနဲ့နေကြတယ်...။
တကယ်ဆို....ငါ အစွဲအလန်းကြီးတက်မှန်း
ဘယ်သူမှ မသိခဲ့ပါဘူး....။
မမျှော်လင့်တော့ပါဘူး...ကောင်မလေးရယ်
မျှော်လင့်တိုင်း ဖြစ်မလာတက်သလို
ဘယ်သူမှ မရှိတော့တဲ့ ဒီဘ၀ထဲ
ငါ့ အလွမ်းနဲ့ပဲ ငါ နေပါရစေတော့။

3 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကဗျာလေးက တကယ်ပဲ ရင်ထဲကို တည့်တည့်တိုးတာဗျို့ ။ကျနော့် အကြောင်းသိတွေများ ဖတ်မိရင် ကျနော်ရေးထားတယ်တောင်ထင်ကြမယ် ။ တကယ်ကိုပါပဲ ခံစားရတာ ထပ်တူထပ်မျှပါ။ ကိုဆိုး ရေးလို့သာ ဒီလောက် ပြည့်စုံပြီးကောင်းတာဗျို့ ။ ကျနော်တော့ ခုထိ ကာရံရှာမရသေးလို့ဗျ ။ ပြောတော့ ပြောပြချင်သား ။

ဆိုးသွမ်း said...

ကိုတာတူးဝါ အစား ခံစားပြီးရေးပေးထားတာ။ ဘယ်သူမှ
မသိစေနဲ့။ :)

Anonymous said...

Comments ရေးပေးဆိုလို့ ရေးပေးရမှာ.. ဘာရေးရမှာလဲ။ လွမ်းတာတွေ ကိုတော့ မရေးပေးချင်ဘူး။ လွမ်းဖို့ နေရာမကျန်တော့ လို့ ပါ။
ကဗျာရေး ဖို့  သင်ချင်ရင်ဘယ်မှာ သင်လို့ ရလဲ..၊၊
ယုယု