Wednesday, November 28, 2007

နင် ယုံကြည်အောင်
ငါ သက်သေ မပြတက်ဘူး ။
ကဗျာ မရွတ်ချင်ဘူး ၊ သီချင်းမဆိုချင်ဘူး
ဂစ်တာ ကို အုတ်ခုံနဲ့ ရိုက်ခွဲ
အဲဒါ ငါ့အသည်းပဲ။
သင်္ချာပုဒ်စာတွေကလွဲလို့
ဖြေရှင်းရတာကို ငါစိတ်မပါဘူး ကောင်မလေးရေ။

နောက်ကျမှ တွေ့တဲ့ တွေ့ဆုံခြင်းအတွက်
ကံကြမ္မာကိုပဲ အပြစ်တင်သင့်သလို
အတိတ်ဆိုတာကို တွေးနေမဲ့အစား
အနာဂတ်တွေ လှပဖို့ပဲ
ငါတို့တွေးနေသင့်တယ်လေ။

အနာဂတ်ကို မြင်နိင်နေရဲ့သားနဲ့
အတိတ်ကို ပြန်ပြန် လှည့်ကြည့်နေတာ
စိုးရိမ်ကြောင့်ကြမှုတွေ ပိုလာရုံကလွဲလို့
ဘာများ ထူးလာမှာတုန်း....။

ဒီမှာ မင်းအတွက်.....
အသန့်ရှင်းဆုံး နှလုံးသားတစ်စုံ
အမြင့်မြတ်ဆုံး ပူဇော်ဖို့ စောင့်ဆိုင်းနေလေရဲ့.....။


3 comments:

Anonymous said...

ခေါင်းစဉ်မရှိဘူးဆိုတော့  ကဗျာက ဦးနှောက် မပါသလိုစြေ်နေမှာပေါ့ နော်.. :) :)
ကံဆိုတာ လူကလုပ်တာတဲ့ ..
အဒီတော့ .....အဒီတော့ ပေါ့ ကောင်လေးရေ...။
မေးဦးမယ် . ဘယ်ပလ္လင်မှာ ပူဇော်မှာလဲ. မြင်ဘူးအောင် လာကြည့် ချင်လို့ ပါကွာ။

နှင်းပွင့်ဖြူ said...

ကောင်းတယ်ကွာ
ကောင်မလေး ကြွေမကြွေတော့ မသိဘူး
ငါတောင် ခပ်ကြွေချင်ချင်လေး ဖြစ်နေပြီ .......
တို့ကျောင်းဆရာကတော့ ပိုင်သကွား.....
ချီးယားစ် ........

ခင်တဲ့
နှင်းပွင့်ဖြူလေး

seinmama said...

ရေရေလည်လည်ကောင်းတဲ့ ကဗျာပဲ....
ကြွေသွားပြီ ..ကဗျာကို...
ဲကြိုက်တယ်....