Saturday, November 10, 2007

ကြီးမြတ်သော...အချစ်

စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ပဲ
နေရောက်ခြည် နံရံတွေပြိုလဲ
ငါ့ စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ.....
သိစေချင်ပါတယ်
ရင်ထဲက အမြူတေ နှလုံးသားမှာ
သူသာ အမြင့်မြတ်ဆုံး ဖြစ်တယ်ဆိုတာ......
နားလည်စေချင်ပါတယ်
စိတ်ကူးအိမ်မက်တွေရဲ့
တစ်ကိုယ်စာ အချစ်နဲ့အလွမ်းမှာ
သူသာလျှင် ကမ္ဘာ တစ်ခုဖြစ်တယ်ဆိုတာ....
မပြောချင်တော့ဘူးလေ...
အဲဒီလို တနုံနုံ အတွင်းကြေနေရတဲ့
ဆွံအ နားမကြား နှလုံးသားရဲ့
ကြီးမြတ်သော အချစ်ကိုပေါ့........။

2 comments:

Anonymous said...

လွမ်းတာပဲ.. ကြိုက်သလောက်လွမ်းပေါ့ .. ဒါပေမယ့်  နှလုံးသားပါသွားအောင်တော့ မလွမးနဲ့ ။ နောက်တယောက် အတွက် ဘာမ မကျန်ရင် နောက်ထပ်ကြီမြတ်သော အချစ်တခု ထပ်ေါ်လာအုန်းမယ်..
ဟဲဟဲ..

Anonymous said...

i like this poem...