Wednesday, November 7, 2007

ထိပ်ထား..သို့

အလွမ်းဆိုတာ.....
ရင်ဘတ်ထဲ ဓါးတစ်ချောင်း
မျိုချထားရသလိုပါပဲ.....

ထိပ်ထားရေ....
ငါ့ရဲ့ လွမ်းဆွတ်မှုတွေ အတွက်
မင်း ကို မနာကျင်စေချင်ဘူးကွယ်....။

မတွေ့ကြုံ မဆုံဖြစ်တော့ရင်လည်း
အားလုံးကို စွန့်လွှတ်လိုက်ရလို့
သတိရခြင်းကိုတော့
ငါပိုင်တယ်....။

1 comments:

ပန်းခရေ said...

ကောင်းတယ်...
ကဗျာလေးက...ဟုတ်တယ်...
သတိရပိုင်ခွင့်တော့
ပိုင်ဆိုင်နိုင်တာပဲ...
သတိရတာကိုတားဆီးလို့မရဘူးနော်...