Sunday, November 4, 2007

အဝေးကသူ

မြင်တွေ့နိင်ခွင့်....ကြားသိနိင်ခွင့်များ ရှိရင်
နားလည်စေချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီအချစ်
ဘယ်သူနဲ့ ယှဉ်ယှဉ် မယုတ်လျော့ခဲ့ပါဘူး။

ပြောပြနိင်ခွင့်.....တောင်းဆိုနိင်ခွင့်များ ရှိရင်
ဖွင့်ဟ ၀န်ခံလိုက်ချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီသံယောဇဉ်
ဘယ်သူနဲ့ ယှဉ်ယှဉ် အဖိုးမနည်းစေခဲ့ပါဘူး။

ကံကြမ္မာ မျက်နှာသာ မပေးလို့
ခေတ္တ ခဏ.....ဝေးနေကြပေမယ့်
သံယောဇဉ်ဆိုတဲ့ နောင်ကြိုး....မဆုံနိင်မှန်း သိခဲ့ရင်တောင်
ရင်မှာ ဖတ်တွယ် သိမ်းဆည်းထားပါ့မယ်။

မှန်းဆ ကြည်နူးမှု တစ်ခုတည်းကိုပဲ....လက်ကိုင်ထားလို့
သတိရ လွမ်းဆွတ်နေတက်တဲ့....ကောင်လေး ညတွေ
မျက်ရည်နဲ့ မိုးလင်းခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့လေရဲ့။

ဖွင့်ဟ...၀န်ခံပြောတက်မှ အချစ်ပိုမယ်ဆိုရင်
ဆွံအ သွားလောက်အောင် ပြောပြခဲ့ချင်တယ်.....“မ” ရယ်
တကယ်ဆို မမြင်မတွေ့ နိင်ဘဲနဲ့တောင်
ကောင်လေးက အဝေးက တွယ်တာ ခဲ့ရတဲ့ သူမဟုတ်လား။

အိမ်မက်တွေ ရှင်သန်....မနက်ခင်းတိုင်းရဲ့ နိးထခြင်းမှာ
မျော်လင့်ခြင်းတွေ အသက်ဝင်လို့
ပြန်ဆုံနိင်မဲ့ နေ့ရက်တွေ အတွက်
ယုံကြည်စွာ စောင့်နေခဲ့ဦးမယ်.......“မ” ရယ်။

0 comments: