Monday, September 10, 2007

ညထဲက သတို့သမီး



-ည ဆိုတာ

မိန်းမနဲ့ ယောက်ျား တို့ ရဲ့ 
ခွန်အားပြည့် ရမ္မက်ခွက် ကို
မျိုးဆက် ပြန့် ပွားမှု သေရည်နဲ့
ဖြည့်စွတ်
အိမ်မက် ပွင့်ဖူး
သောက်ကြူးကြတာ ဖြစ်တယ်။

-ညဆိုတာ
သူအို သူမင်းတို့ 
လေညင်း မွှေးမွှေး
ဇီဝ ဆေးတွေ
အားမွေး အရည်ဖျော်
သက် ရာကျော်ဖို့ 
ပျော်ဝင်စေတာ ဖြစ်တယ်။

-ညဆိုတာ
ဒဏ္ဍာရီ ပုံပြင် ပြော
ကလေးတို့  ပျော်မော တဲ့
အိမ်မက်တော ဖြစ်တယ်။

-ညဆိုတာ
လူလင်ပျိုရဲ့  အာရုံကြော အသစ်
အချစ်နဲ့  လှုပ်ရှား
နှလုံးသား အိမ်မက် တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
သွားရဲ တက်ရဲ
မာန်ဟုန် ဇွဲနဲ့
ချစ်ပွဲခံရာ ဖြစ်တယ်။

-ညဆိုတာ
သတို့ သားရဲ့ 
ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့
တောင်တန်းကြီးဖြစ်တယ်။

-ညဆိုတာ
အပျိုစင် သတို့ သမီးရဲ့ 
ချစ်မီး လျှံဝင်းနေတဲ့ မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့ 
လက် တစ်ပွေ့ နဲ့ 
မျိုးစေ့ စိုက်မွေး
မြေစေး ဖွာဖွာ
သား တစ်ရာရဲ့
မြေယာကောင်း ဖြစ်စေရဲ့ ။


စာပေဂျာနယ် ၊ နိဝင်ဘာ ၁၉၉၅ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။ ဆရာကြည်အောင်ရဲ့  ကဗျာလေး တပုဒ်ပါပဲ။



0 comments: